တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ၁ ရက် မှ ၁၂ ရက်ထိ) ပို့ကုန်ကန်ဒေါ်လာ(၀.၈၁၈) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၃.၀၅၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၃.၈၇၅) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၂-၁၂-၂၀၂၃) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၈၈) တန်၊ တန်ဖိုး(၀.၀၄၈) ဒေါ်လာသန်း၊ကြက်သွန်နီ(၁၅) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃.၂) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ (၂၄) တန် တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းစုစုပေါင်း (၀.၀၆၆) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၂-၁၂-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၁၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး (၁၂-၁၂-၂၀၂၃) ရက်တွင် ဓာတ်ဆီ (၀.၁၂၉) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၃၃) ဒေါ်လာသန်း၊ မီးခံအုတ် (၀.၀၁၈) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၀၃) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၀၆) ဒေါ်လာသန်း၊ ကြွေပြား (၀.၀၀၇) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၀၆) ဒေါ်လာသန်း၊ မှန်ချပ် (၀.၀၀၃) ဒေါ်လာသန်း၊ ပလပ်စတစ်ခြင်း (၀.၀၁၃) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၁၁)ဒေါ်လာသန်းအပါအဝင် (၀.၂၆၂) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။
Source: https://commerce.gov.mm