Local News

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ် (၂၉-၁၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀-၃၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၅-၁၂-၂၀၂၃) ရက်နေ့တွင် ကျပ် (၂၈၀၀၀၀-၃၃၀၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ နှမ်းဖြူမှာ ယခင်အပတ်တွင် ကျပ် (၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၉၀၀၀၀-၃၀၀၀၀၀)၊ နှမ်းပြာမှာ ယခင်အပတ်တွင်  ကျပ်(၂၈၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀၀၀)၊ နှမ်းနီမှာ ယခင်အပတ်တွင် ကျပ်(၂၈၀၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၂၈၀၀)အိတ်၊ နှမ်းနီ(၁၉၀)အိတ်၊ နှမ်းဖြူ(၁၅၀)အိတ်၊ နှမ်းပြာ(၄၇၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၆၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ် (၅၂၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ဘိုကိတ်ပြာမှာ ယခင်အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၁၀၀၀)ဖြစ်၍ ကျပ်(၇၀၀၀) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(H-L)မှာ ယခင်အပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)မှာ ယခင်အပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၉၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲစဉ်းငုံနီစတင်ထွက်ပေါ်လျက်ရှိပြီး ယခုအပတ်အတွင်း ကျပ်(၁၀၀၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၁၂၈၀၀၀-၁၃၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်၍ ကျပ် (၂၀၀၀ -၃၀၀၀)ဈေးနှုန်းလျော့နည်းခဲ့ပြီး  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၃၆၀)အိတ်၊ ဘိုကိတ်ပြာ(၂၂၀)အိတ်၊ ကုလားပဲ (H-L)(၁၀၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၈၀၀)အိတ်၊ ပဲကြီး(၄၇၀)အိတ်၊ ပဲတီစိမ်း(၁၇၀၀)အိတ်၊ ပဲစင်းငုံနီ(၃၂၀)အိတ်တို့အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၆၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၅၅၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၅၆၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၅၅၀၀)ဖြစ်၍ ကျပ်(၁၅၀) စသည်ဖြင့် အသီးသီးဈေးနှုန်းလျော့နည်းခဲ့ပါသည်။ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၉၅၀)အိတ်၊ မြေပဲလုံးဆံနီ(၂၀၀)အိတ်၊ မြေပဲတောင့်အစို တင်း(၄၅၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း၊ အပတ်စဉ် ပုံမှန် ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင် ကျပ်(၃၀၀၀-၃၀၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၃၀၅၀-၃၁၀၀)ဖြစ်၍ ကျပ်(၅၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဝါပိဿာချိန်(၂၃၀၀၀)ပိဿာအရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News