Local News

မကွေးကုန်စည်ဒိုင်၏ သီးနှံမျိုးစုံစျေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်နှင့်ပွဲရုံများ၌ သီးနှံမျိုးစုံတို့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် မကွေးကုန်စည်ဒိုင်၌ ဖြစ်ပေါ်လျက်ရှိသော သီးနှံစျေးနှုန်းများမှာ ပဲတီစိမ်း(သစ်)(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၅၅၀၀၀)၊ ပဲနောက်(၂၀)ပိဿာဝင်(၁)တင်း လျှင် ကျပ်(၄၆၆၀၀)၊ ပဲလွန်း(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၅၂၄၄၀)၊ ကုလားပဲ(929)(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၈၆၀၇၀)၊ ကုလားပဲ(ဟော်လန်)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၈၇၀၂၀)၊ ပဲကြီး (ဖြူ)ပြားကြီး(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၂၀၀၈၀)၊ ပဲကြီးမဲ(၁၉) ပိဿာဝင်(၁)တင်းလျှင် ကျပ် (၈၄၉၃၀)၊ စားတော်ပဲ(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၁၄၀၀၀)၊ မတ်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၉၂၀၀၀)၊ နှမ်းနက်(စမုံ) (၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၀၉၀၀၀)၊ နှမ်းဖြူ(၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)၊ နှမ်းနီ(မကွေး)(၁၅)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ကျပ်(၆၃၀၀)နှင့် မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၅၆၅၀)တို့ဖြစ်ကြောင်းသိရှိရပါသည်။

မကွေးကုန်စည်ဒိုင်၌ (၄-၁၂-၂၀၂၃) ရက်နေ့မှ (၈-၁၂-၂၀၂၃)ရက်နေ့အထိ အရောင်းအဝယ်ဖြစ်ခဲ့မှုအခြေအနေမှာ နှမ်းဖြူတန်ချိန်(၁၀၀)ခန့်၊ နှမ်းနီတန်ချိန်(၂၅)ခန့်၊ နှမ်းနက်(စမုံ)တန်ချိန် (၁၀၀)ခန့်၊ ပဲတီစိမ်းတန်ချိန်(၂၅)ခန့်၊ ကုလားပဲတန်ချိန်(၁၀၀)ခန့်၊ ပဲကြီးဖြူ တန်ချိန်(၅၀)ခန့်၊ ပဲကြီးမဲတန်ချိန်(၁၀)ခန့်၊ စားတော်ပဲတန်ချိန်(၂၀)ခန့်၊ မတ်ပဲတန်ချိန်(၁၅)ခန့်၊ မြေပဲဆံတန်ချိန်(၅၀၀)ခန့်၊ ပဲနောက်တန်ချိန် (၅၀)ခန့်နှင့် ပဲလွန်းဝါတန်ချိန်(၇၀)ခန့်တို့ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News