Local News

မြိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့/တင်သွင်းနိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးမှုန့်တစ်တန်လျှင် (၉၀၂) ဒေါ်လာနှုန်းဖြင့်(၉၅၀) တန်၊ တန်ဖိုး (၀.၈၅၇) ဒေါ်လာသန်းအား ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၂) ဒေါ်လာနှုန်းဖြင့်(၂၇) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့လည်းကောင်းစုစုပေါင်းပို့ကုန် တန်ဖိုး(၀.၉၀၆)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှ  (၁၂) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုမရှိပါ။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News