Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် ၁၇.၀၀၀ ဒေါ်လာသန်းနှင့် သွင်းကုန် ၂.၅၀၀ ဒေါ်လာသန်းဖြင့် စုစုပေါင်း ၁၉.၅၀၀ ဒေါ်လာ သန်း ဖြစ်ပါသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် ၁၅.၂၇၅ ဒေါ်လာသန်း၊ သွင်းကုန် ၁.၀၈၅ ဒေါ်လာသန်း၊ စုစုပေါင်း ၁၆.၃၆၀ ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၈၃.၈၉၇%  ဆောင်ရွက်နိုင်ခဲ့သည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ၄၁၁၅၀ တန်၊ တန်ဖိုး ၁၄.၃၀၆ ဒေါ်လာသန်း၊ ဖရဲသီး ၃၂၅ တန်၊ တန်ဖိုး ၀.၀၄၈ ဒေါ်လာသန်း၊ မြေပဲဆံ ၃၄ တန်၊ တန်ဖိုး ၀.၀၃၇ ဒေါ်လာသန်း၊ နှမ်းနက် ၃၃၆ တန်၊ တန်ဖိုး ၀.၄၆၄ ဒေါ်လာသန်း၊ ရော်ဘာ ၁၀၅ တန်၊ တန်ဖိုး ၀.၁၄၅ ဒေါ်လာသန်း၊ ငရုတ်သီး ၂၈၂ တန်၊ တန်ဖိုး ၀.၁၈၂ ဒေါ်လာသန်း၊ ဆန် ၁၄၀ တန်၊ တန်ဖိုး ၀.၀၈၀ ဒေါ်လာသန်းနှင့် ရွှေဖရုံသီး ၁၂၀ တန်၊ တန်ဖိုး ၀.၀၁၂ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

သွင်းကုန်ပစ္စည်းများမှာ သံပြား၊ သံပိုက်၊ မြက်ခင်းတု ၊ ပန်းသီး ၊ လိမ္မော်သီး၊ ကြွေပြားနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပစ္စည်း ၂၆၀.၆၄ တန်၊ တန်ဖိုး ၀.၂၆၉ ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း ၅၅၆.၆၀ တန်၊ တန်ဖိုး ၀.၃၉၂ ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း ၆၅၉.၈၀ တန်၊ တန်ဖိုး ၀.၄၂၀ ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့သည်။

Source: DOT (ကံပိုင်တည်)

Source: https://commerce.gov.mm

Category: Local News