Local News

ပန်းမုန်လာပွင့်(ခေါ်)ပန်းဂေါ်ဖီဈေးကောင်းမွန်သဖြင့်တောင်သူများအကျိုးအမြတ်ရရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းစသည့်ကျေးရွာများသည်  ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိရာ တောင်သူများအနေဖြင့် ပန်းမုန်လာကို စက်တင်ဘာနှင့် အောက်တိုဘာလဆန်းတွင် ပျိုးထောင်၍ ၃၅ ရက်သားတွင်စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ ခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း သိရသည်။

ပန်းမုန်လာစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များအနေဖြင့် မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် တစ်ဧကလျှင် စုစုပေါင်းကျပ် (၈) သိန်းကုန်ကျပြီး ဈေးနှုန်းအနေဖြင့် ပန်းမုန်လာအရွယ်အစားပေါ်မူတည်၍ တစ်ပွင့်လျှင် ငွေကျပ် (၁,၅၀၀-၂,၀၀၀)ခန့်ထိ ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ကျေးရွာများအထိ လာရောက်ဝယ်ယူမှုများရှိသည့်အပြင် မြို့ပေါ်ပွဲရုံများနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများအထိပါ တင်ပို့ရောင်းချလျက်ရှိရာ ဝင်ငွေအနေဖြင့် ကျပ်(၁၅)  သိန်းခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းခန့် ရရှိသည့်အတွက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

Source: https://commerce.gov.mm

Category: Local News