Local News

ပို့ကုန်ပဲများ ဈေးအနည်းငယ်ကျဆင်းသွားသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်းအရောင်းအဝယ်သွက်နေ

Last Updated:

ပို့ကုန်ပဲများ ဆက်လက်ဈေး ကျဆင်းမှုရှိနေသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်း အဝယ်သွက်နေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးတွင် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကျဆင်းမှုမရှိသော်လည်း ဒေါ်လာ ပေါက်ဈေး၊ ကုန်သွယ်ရေးမူဝါဒများကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်းလာခြင်းဖြစ်သည်။ ပဲသစ်ရာသီအစ ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းခဲ့သော်လည်း ဖေဖော်ဝါရီသီတင်းပတ်တွင် ဈေးအနည်းငယ်ကျဆင်းလာကြောင်း ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါဈေးကျဆင်းသွားကြောင်း ပြည်တွင်းသုံး ပဲမာလိုင်းများတွင် အသစ်ဝင်ရောက်မှုနည်းသည့် ပဲထောပတ်နှင့် မြေထောက်ပဲတို့မှာ အမြင့်ဈေးဖြစ်နေကြောင်း လက်ရှိတွင် နှမ်းမျိုးစုံနှင့် မြေပဲဆန်မှာလည်း ဈေးကျဆင်းနေပြီး ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး လက်ရှိပေါက်ဈေးများအတိုင်း အရောင်းအဝယ်ကောင်းကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

"ပို့ကုန်ပဲတွေကတော့ ဈေးကျဆင်းလာပါတယ်။ ပဲစင်းငုံ၊ မတ်ပဲတွေကနေ စတင်ဈေးကျဆင်းနေတာ ပြည်တွင်း ကုလားပဲတွေလည်း လိုက်ပါဈေး ကျဆင်းလာပါတယ်။ မတ်ပဲဆိုရင် တစ် အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ ဝန်းကျင်နဲ့ ပဲစင်းငုံ တစ်အိတ် ၃၇၂၀၀၀ လောက်ထိ ဈေးကျ ဆင်းပါတယ်။ ပြည်တွင်းပဲမာ လိုင်းတွေကတော့ ဈေးသိပ်မကျ ဘဲ ပုံမှန်ဈေးအေးသွားပါတယ်။ ပို့ကုန်ပဲတွေကတော့ ဈေးအကျ ကြမ်းသွားတာပါ။ ဝယ်လိုအားကတော့ မကျပါဘူး။ ဈေးကျ ဆင်းပေမယ့်ပေါက်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခင်ကြိုရောင်းသမားတွေက တော့ ဈေးကျဆင်းချိန် အဝယ်ကောင်းနေပါတယ်။ လှောင်သမား တွေဆီမှာတော့ ဈေးအမြင့်နဲ့ ဝယ်ထားတာတွေများခဲ့ပါတယ်။ ပဲမာလိုင်းများမှာတော့ အမြင့်ဈေး တွေအတိုင်းရှိနေတာပါ။ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ ကျော်ပဲတွေကတော့ ဈေးကောင်း နေတာပါ။ နှမ်းမျိုးစုံလိုင်းနဲ့ မြေပဲလုံဆံကတော့ ဈေးအေး နေပါတယ်။ ပဲနှမ်းဈေးကွက် တစ်ခုလုံးမှာ ဈေးကျဆင်းပေမယ့် လက်ရှိပေါက်ဈေးအတိုင်း ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ်"ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်တွင် မတ်ပဲတစ် အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၈၃၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေ ကျပ် ၂၆၅၀၀၀ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊  ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ ထိဈေးကျဆင်းသွားသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၈၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ်  ၃၅၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၀၊ မြေပဲအနီ လုံးဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၈၇၀၀ ဈေး ကျဆင်းသွားသည်။ဖေဖော်ဝါရီ ၁၅ ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ အသီးသီး ဈေးကျဆင်းသွားကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News