Local News

ကရင်ပြည်နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း ပဲမျိုးစုံ (၁)ပိဿာ ဈေးနှုန်းမှာ ပဲလွန်းဖြူ ၃၄၀၀ ကျပ်၊ ပဲပုပ် ၂၉၂၅ ကျပ်၊ ပဲလွန်းမဲ ၃၇၀၀ ကျပ်၊ ပဲတီစိမ်း(ရွှေဝါ) ၄၁၀၀ ကျပ်၊ မြေပဲဆံ ၇၇၀၀ ကျပ်၊ ကိုင်းနှမ်း ၆၅၀၀ ကျပ်၊ တောင်ယာနှမ်း ၈၅၀၀ ကျပ် ဈေးနှုန်းဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်းဝယ်ရေးလုပ်ငန်း)မှ သိရှိရပါသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပဲလွန်းဖြူ ၁ ပိဿာ ၃၄၀၀ ကျပ်၊ ပဲပုပ် ၁ ပိဿာ ၂၈၅၀ ကျပ်၊ ပဲလွန်းမဲ ၁ ပိဿာ ၃၇၀၀ ကျပ်၊ ပဲတီရွှေဝါ ၁ ပိဿာ ၃၈၀၀ ကျပ်၊ မြေပဲဆန် ၁ ပိဿာ ၇၇၀၀ ကျပ်၊ ကိုင်းနှမ်း ၁ ပိဿာ ၇၃၀၀ ကျပ်၊ တောင်ယာနှမ်း ၁ ပိဿာ ၈၂၀၀ ကျပ် ဈေးနှုန်းရှိကြောင်းသိရှိရပါသည်။ ယခုအပတ်နှင့်နှိုင်းယှဉ်ပါက ပဲပုပ်၊ ပဲတီစိမ်း(ရွှေဝါ)နှင့် တောင်ယာနှမ်းများမှာ အဝယ်လိုက်သဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်သွားကြောင်းနှင့် ဈေးကွက်အနေဖြင့် ပြည်နယ်အတွင်းစားသုံးရန်၊ မော်လမြိုင်၊ ပဲခူးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News