Local News

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများ ဈေးအေးနေ

Last Updated:

ဖေဖော်ဝါရီလ ဒုတိယပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံ အရောင်းအဝယ် ဖြစ်လျက်ရှိရာ ပို့ကုန်ပဲများအရောင်းအဝယ်အေး ဈေးအေးနေကြောင်း၊ ပဲစင်းငုံ (နီ) မှာ ရွှေဘို၊ ကျောက်ပန်းတောင်းနှင့် နွားထိုးကြီးဒေသတို့မှ ဝင်ရောက်လျက်ရှိပြီး၊ ယခင်တစ်ပတ်ထက် ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ၁၈၀၀၀ နိမ့်ကျလာသည်။ မတ်ပဲနှင့် ပဲတီစိမ်းမှာ အဟောင်း လက်ကျန်များသာရှိ၍၊ ပြည်ပ ပို့ကုန်ပဲများ ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ပဲစင်းငုံ(နီ)  ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၇၄၀၀၀ မှ ၃၇၂၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၉၂၀၀၀ မှ ၃၉၀၀၀၀၊ ယခင်လ ကျပ် ၃၂၈၀၀၀ မှ ၃၂၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၈၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၄၅၀၀၀ မှ ၄၆၀၀၀ မြင့်တက်လာသည်။

မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၀၀၀၀ မှ ၂၇၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၂၇၅၀၀၀၊ ယခင်လ ကျပ် ၂၈၅၀၀၀ မှ ၂၇၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ နိမ့်ကျလာသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၈၅၀၀၀ မှ ၁၅၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၀၀၀၀၀ မှ ၁၆၀၀၀၀၊ ယခင်လ ကျပ် ၁၈၅၀၀၀ မှ ၁၅၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၁၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လအတိုင်း ဈေးငြိမ်နေသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News