Local News

ကုလားပဲအသစ်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းသီးနှံဖြစ်သော ကုလားပဲ(ဆောင်း)ကို ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကလေးခရိုင်၊ မော်လိုက်ခရိုင်နှင့် တမူးခရိုင်တို့တွင် စိုက်ပျိုးခဲ့ရာ စုစုပေါင်းဧက (၄)သိန်းကျော်စိုက်ပျိုးနိုင်ခဲ့သည်။ ဖေ‌ဖော်ဝါရီလဆန်းပိုင်းအထိ ဆောင်းကုလားပဲများကို ဧက (၅) သောင်းကျော်ရိတ်သိမ်းနိုင်ခဲ့ပြီး ဈေးကွက်အတွင်းသို့ ဆောင်ကုလားပဲအသစ်များ စတင်ဝင်ရောက်လျက်ရှိသည်။

ယခုပတ်တွင် ဖြစ်ပေါ်နေသာ ကုလားပဲဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး(သစ်) တစ်တင်းလျှင် (၈၉၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး(သစ်) တစ်တင်းလျှင် (၈၉၅၀၀)ကျပ်၊ ကုလားပဲ 929(သစ်) တစ်တင်းလျှင် (၈၅၅၀၀-၈၄၅၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်လ ပေါက်ဈေးနှုန်းများမှာ ကုလားပဲ ဖြူလုံးကြီး(ဟ) တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး(ဟ) တစ်တင်းလျှင် (၁၀၂၀၀၀) ကျပ်၊ ကုလားပဲ 929(ဟ) တစ်တင်းလျှင် (၉၉၀၀၀)ကျပ်ဖြင့်ရောင်းဝယ်နေကြောင်းသိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News