International News

Artificial Intelligence Technology-Plus 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

Last Updated:

      ကိုရီးယားသမ္မတနိုင်ငံ၊ Gwangju မြို့၊ Kimdaejung Convention Center ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့်  Artificial Intelligence Technology-Plus 2023 (AI TECH+ 2023) သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။ အဆိုပါပြပွဲသည် ကိုရီးယားသမ္မတနိုင်ငံတွင် AI ကဏ္ဍအတွက် တစ်ကမ္ဘာလုံးမှ ပညာရှင်များ စုဝေးဆွေးနွေးရာ နေရာတစ်ခုအဖြစ် ဖန်တီးသွားမည့် ပထမခြေလှမ်းပင်ဖြစ်ပါကြောင်း၊ AI TECH+ 2023 ကို လာရောက်မည့်သူများသည် စီးပွားရေးအချိတ်အဆက်များ ရရှိနိုင်ပြီး၊ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။

       ပြပွဲ၌ပြသမည့် လုပ်ငန်းရှင်များအား ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ခန်းမများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: International News