Local News

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် မိုးစပါးများ စတင်စိုက်ပျိုး

Last Updated:

         ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် စပါးသည် အဓိကစိုက်ပျိုးသော သီးနှံအမျိုးအစားတွင်ပါဝင်ပြီး မိုးစပါး စိုက်ဧက(၄၈၆၉၅)ကျော် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး၊ ယခုနှစ်သည် ယခင်နှစ်ထက် စိုက်ဧက ပိုမိုစိုက်ပျိုးနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ဧပြီလတွင် မိုးရွာသွန်းမှုကြောင့် မေလမှစတင်၍ စပါးအခြောက်ကြဲ၍ စတင်စိုက်ပျိုးနေလျက်ရှိပြီး ကြဲစပါးခင်း ဧကအနေဖြင့် ၃၀ ရာခိုင်နှုန်း ခန့် စိုက်ပျိုးပြီးစီးနေကြောင်း သိရသည်။

      စပါးမျိုးစျေးနှုန်းများ၊ စက်သုံးဆီ၊ ဓာတ်မြေသြဇာနှင့် သွင်းအားစုဈေးနှုန်းများ မြင့်တက်နေပြီး လုပ်သားရှားပါးမှုတို့ကြောင့် တောင်သူများအနေဖြင့် စိုက်ခင်းအစား ကြဲခင်းများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးသော စပါးမျိုးများမှာ ဆင်းသွယ်လတ်၊ မနောသုခ၊ ဆင်းသုခ၊ ကျော်ဇေယျ၊ သီးထပ်ရင်၊ ဆင်းစွယ်ရင်၊ ဧရာမင်း၊ ကောက်ညှင်း၊ အင်းမရဲဘော်၊ တစ်ထောင်ပို၊ ကရင်မ စပါးတို့ဖြစ်ပြီး မိုးညိုမြို့နယ်၏ ရေမြေသဘာဝထွက်ရှိမှု၊ ဝယ်ယူမှု၊ စားသုံးမှုနှင့်ကိုက်ညီသော ကရင်မစပါးမျိုးများနှင့် ဆင်းသုခစပါးမျိုးများကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News