Local News

ကယားပြည်နယ်တွင် ချင်းဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

Last Updated:

                ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် ကယားပြည်နယ်၏ အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပက်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊     ဒေါရောက်ခူကျေးရွာတို့မှ အဓိကစိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဖယ်ခုံမြို့နယ်တို့မှလည်း မှာယူတင်သွင်းရောင်းချလျက်ရှိကြောင်း သိရသည်။

        ယခု ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ (ဒုတိယအပတ်)တွင် ဈေးကွက်အတွင်း၌ ချင်းတစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် (၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်မေလ၊ (ဒုတိယအပတ်)တွင် ချင်းတစ်ပိဿာလျှင် (၄၀၀၀)ကျပ်ခန့်သာရှိခဲ့ပြီး ယခု ဇွန်လ၊ (ဒုတိယအပတ်)နှင့် ယခင်မေလ၊ (ဒုတိယအပတ်) ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် ချင်းတစ်ပိဿာလျှင် (၅၀၀)ကျပ်မှ (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ချင်းစိုက်တောင်သူများမှာ စိုက်ဧက အနည်းငယ်သာစိုက်ပျိုးနိုင်ပြီး ထုတ်လုပ်နိုင်မှုလျော့နည်းလာခြင်းကြောင့် ချင်းစျေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News