Local News

ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ၌ နှမ်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်

Last Updated:

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး နှစ်စဉ် ကုလားပဲ၊ နှမ်း၊ ပဲတီစိမ်းသီးနှံများကိုနှစ်စဉ် စိုက်ပျိုးကြကြောင်း၊ နှမ်းစိုက်ပျိုးရာ၌ (၁) ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ချိန်မှစ၍ အပင်အားဆေး၊ ပိုးသတ်ဆေးနှင့် ရေဖျန်းခြင်း လုပ်အားခနှင့် သွင်းအားစုအပါအဝင် စုစုပေါင်း (၆၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် ရိတ်သိမ်းရပြီး (၁)ဧကအထွက်နှုန်းအားဖြင့် (၁၀)တင်း ထွက်ရှိကြောင်း သိရသည်။ စျေးကွက်အနေဖြင့် ထွက်ရှိလာသော နှမ်းများကို မကွေး၊ မင်းဘူးရှိပွဲရုံများသို့ သွားရောက်ရောင်းချရကြောင်း၊ နှမ်းသီးနှံစတင်ချိန်၌ နှမ်း တစ်တင်းလျှင် (၈၀၀၀၀)ကျပ်မှ (၈၅၀၀၀)ကျပ် စျေးနှုန်းရရှိကြောင်း၊ နှမ်းသီးနှံသည် မိုးများစွာ ရွာသွန်းလျှင် အပင်များပျက်စီးသည့်အတွက်၊ ယခုနှစ်တွင် (မိုခါ)မုန်တိုင်းကြောင့် မိုးများစွာရွာသွန်းခဲ့သဖြင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း နှမ်းစိုက်ပျိုးသော တောင်သူများထံမှ သိရသည်။

Source: https://commerce.gov.mm

Category: Local News