Local News

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ဟွေဝှာမြို့ ကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူး မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (MITC) သို လာရောက်လေ့လာ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်၊ ဟွေဝှာမြို ကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူး Mr.  Xu Zhong jiang ဦးဆောင်သော အဖွဲ့၀င် ၉ ဦးပါ စီးပွားရေးကိုယ်စားလှယ်အဖွဲသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (MITC) သို့ လာရောက်လေ့လာကြသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့အား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးမှ ကြိုဆိုနှုတ်ဆက်ပြီး မြန်မာ့ထုတ်ကုန်ပြခန်းတွင် လှည့်လည် ရှင်းလင်းပြသသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် MITC အစည်းအဝေးခန်းမတွင် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းမြှင့်တင်ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုနည်းပညာအကူအညီပေးရေးနှင့် တရုတ်နိုင်ငံ၊ ကူမင်းမြိုတွင်ကျင်းပမည့် တရုတ်-တောင်အာရှကုန်စည်ပြပွဲကာလအတွင်း မြန်မာနှင့်ဟူနန်ကုန်သည်များအကြား Business Matching များဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိင်းခဲ့ကြပါသည်။

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ဟွေဝှာမြို့သည် တရုတ်နိုင်ငံ OBOR စီမံကိန်း၏ အနောက်ဘက်လမ်းကြောင်းပေါ်တွင် တည်ရှိပြီး အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံတိုမှ လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် မီးရထားလမ်းမှတစ်ဆင့် တင်သွင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Category: Local News