Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

    

     ဇွန်လ တတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာ ထွက်ကုန်သီးနှံများထဲမှ ဂျုံဖြူသန့်၊ ပဲတီစိမ်းသေး၊ ပဲနီလုံးရိုးရိုး၊မြေထောက်ပဲဖြူ၊ ပုဂံပဲ၊ ပဲယင်းဝါ၊ ပဲပုတ်စေ့ ဈေးငြိမ်၍ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းကြီး ကုလားပဲဖြူ လုံးသေး၊ ကုလားပဲဖြူလုံးကြီး၊ 929ဈေးနှုန်းကျဆင်းသွားပြီး   CPပြောင်းဖူးစေ့၊  ပဲကြီး၊ ပဲနီလုံးကြားဈေးနှုန်းများ မြင့်တက် သွားသည်။ ဇွန်လတတိယပတ်တွင် သီးနှံများ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၂၅၀၀-၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၂၀၀၀)ကျပ်၊ မတ်ပဲ (၇၂၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၅၈၀၀၀-၄၄၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၆၀၀၀)ကျပ်၊ ပဲနီလုံး ရိုးရိုး (၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) (၈၂၀၀၀)ကျပ်၊ ပုဂံပဲ (၈၁၀၀၀)ကျပ်၊ပဲယင်းဝါ (၅၁၀၀၀) ကျပ်၊ ပဲပုတ်စေ့ (၇၂၅၀၀-၇၃၅၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင်  (၉၉၀၀၀- ၁၀၀၀၀၀)ကျပ် ပေါက်ဈေး ရှိသည်။ ယခင်တစ်ပတ် အတွင်း ကာလတူ ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀) ကျပ်၊ ပဲစဉ်းငုံ တစ်တင်း လျှင်  (၁၀၂၆၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၇၈၀၀၀-၈၀၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၅၆၅၀၀-၄၃၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး) (၄၆၀၀၀)ကျပ်၊ ပဲနီလုံး ရိုးရိုး တစ်တင်းလျှင် (၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၅၁၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) (၈၂၀၀၀)ကျပ်၊ ပုဂံပဲ (၈၁၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၇၃၅၀၀) ကျပ် နှင့် ပဲကြီး တစ်တင်းလျှင် (၉၅၀၀၀- ၈၅၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ဂျုံဖြူသန့်၊ ပဲတီစိမ်းသေး၊ ပဲနီလုံးရိုးရိုး၊ မြေထောက်ပဲဖြူ၊ ပုဂံပဲ၊ ပဲယင်းဝါနှင့် ပဲပုတ်စေ့ဈေးနှုန်းများ ဈေးငြိမ်၍ ပဲစဉ်းငုံ တစ်တင်းလျှင် (၆၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၈၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၁၅၀၀)ကျပ်နှုန်း ကျဆင်းနေပြီး ပဲနီလုံးကြား တစ်တင်းလျှင် (၃၀၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၅၀၀၀)ကျပ်မြင့်တက်နေကြောင်းသိရသည်။

     ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ ကုလားပဲ ဖြူလုံးသေး   (၉၀၀၀၀) ကျပ်၊ 929  (၈၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် (၉၁၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၉၁၅၀၀)ကျပ်၊ 929  (၉၀၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929 တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၈၀၀)ကျပ် ပေါက် ဈေးရှိသည်။ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၇၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက CPပြောင်းဖူးစေ့ ဈေးအနည်းငယ် မြင့်တက်သွားကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

 

Category: Local News