Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၈-၇-၂၀၂၄ မှ ၁၄-၇-၂၀၂၄) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၃၀၉၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၀၆၄၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၄၈၂၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၈၃၀၀၀ နှင့်  မတ်ပဲ SQ/RC (2024 Crop) ကျပ် ၆၃၈၀၀၀ ဈေးမြင့်တက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၃၂၀၀၀  ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/ RC (2024 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန် တိန်နာ၂၅လုံး(တန်ချိန်၆၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC(2024 Crop)  ကွန် တိန်နာ ၆၅ လုံး (တန်ချိန် ၁၅၆၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၂၀လုံး (တန် ချိန် ၄၈၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန် နာ ၅၅လုံး (တန်ချိန် ၁၃၂၀) ပိုမိူဝင်ရောက်ခဲ့ပြီး  ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၅လုံး (တန်ချိန် ၁၂၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၄၅၀၀၊ မြားနီ ကျပ် ၄၀၀၀၊ ပန်းတနော်ရှည် ကျပ် ၃၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၁၅၀၀ နှင့် မြစ်ဝပု ကျပ် ၁၀၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ် သီးများ ဈေးငြိမ်လျက်ရှိသည်။  ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၂၄၀၀ (၄၈၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၁၄၀၀ (၂၈၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင် ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၁၀၀၀ (၂၀၀၀၀ ပိဿာ) ပိုမို ဝင်ရောက်ခဲ့ကြောင်းသိရသည်။  
မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့် ကပ် (သစ်) ကျပ် ၃၆၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၆၄၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 

ထန်းလျက်၊ ကြံသကာ နှင့် သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ် ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၂၀၀၊ ပခုက္ကူကြမ်း ကျပ်၄၇၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၉၅၀၊ ကြံသကာ ကျပ် ၃၃၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၇၅၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာ မလိုင် (ဒုံး) ကျပ် ၅၀ နှင့်  ပခုက္ကူကြမ်း ကျပ် ၅၀ ဈေးမြင့် တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။  
ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၂၀၀ ၊ ဆိပ်ဖြူလတ် ကြီး ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၆၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၂၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၁၀၀၊ မုံရွာလတ်သန့် ကျပ် ၂၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၆၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၀၀၊ မုံရွာလတ်ကြီး ကျပ် ၁၀၀၊ မုံရွာလတ်သန့် ကျပ် ၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၀၀  အသီး သီးဈေးကျဆင်းခဲ့ပြီး ကျန်ကြက်သွန်နီများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၉၆ စီး (၅၇၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခု အပတ်တွင် ကားစီးရေ ၁၀၄ စီး (၆၂၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၈ စီး (၄၈၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။   
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ် နှင့် အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၀၆၀၀၊ အောင်ပန်းထူး-၂  ကျပ် ၉၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၉၆၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၀၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၀၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၉၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၄၇၀၀ (၁၄၁,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် လည်း ကြက်သွန်ဖြူအိတ် ၄၇၀၀ (၁၄၁,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဟဲဟိုးမြို့နှင့် တရုတ်မှအာလူးများ ဝင်ရောက်လျက်ရှိရာ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ ဟဲဟိုး  OK ကျပ် ၃၃၀၀၊ ဟဲဟိုး S1 ကျပ် ၃၃၀၀ နှင့် တရုတ်အာလူး ကျပ် ၃၉၀၀  ဈေးနှုန်းအသီးသီးခဲ့ဖြစ်သည်။ တစ်ပတ်အတွင်း ဟဲဟိုး  OK ကျပ် ၂၀၀၊  ဟဲဟိုး S1 ကျပ် ၂၀၀ နှင့်  တရုတ်အာလူး ကျပ် ၃၀၀ ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ အာလူးဝင် ရောက်မှုမှာ ယခင်အပတ်က   ကား အစီးရေ ၂၈ စီး (၁၆၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ ပြီး ယခုအပတ်တွင် ကားစီးရေ  ၂၇ စီး (၁၆၂၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၁ စီး (၆၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)
    

 

Category: Local News