Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်းအခြေအနေ

Last Updated:

     ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ တစ်ဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၅-၈-၂၀၂၃) မှ (၁၁-၈-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ နနွင်းတက်၊ အုန်းသီးခြောက်၊ တံမျက်စည်းကြမ်းနှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၇၀၀၅ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

     ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်မှ ၁၁ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ဇီးဖတ်တန်ချိန် ၁၆၇ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ဇီးဖတ်တန်ချိန် ၁၁၄ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ဇီးဖတ်တန်ချိန် ပိုမို၍တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ဇီးဖတ်တင်ပို့နိုင်မှုငွေပမာဏမှာ ၁၉၂၀၅ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

     ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်မှ ၁၁ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်မှုကုန်ချောအနေဖြင့် ဇီးယိုထုပ်တန်ချိန် ၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ဇီးယိုထုပ်တန်ချိန် ၁၅ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ဇီးယိုထုပ်တန်ချိန် တင်ပို့နိုင်မှုလျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ်ဇီးယိုထုပ် တင်ပို့နိုင်မှုငွေပမာဏမှာ ၂၀၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။                                                                                                    

Source: ပြည်နယ်ဦးစီးမှူး

Category: Local News