Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၇-၈-၂၀၂၃ မှ ၁၁-၈-၂၀၂၃)အတွင်း ကုန်စည်ဈေးနှုန်းများအခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၃၄၉၀၀၀၊ မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၂၅၅၉၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၃၂၃၄၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2023 Crop) ကျပ် ၁၀၀၀ ဈေးမြင့်တက်ခဲ့ပြီး မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၉၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၇၆၅၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၂၅ လုံး ( တန်ချိန် ၆၀၀) ယခုအပတ်တွင် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၁၀၅ လုံး ( တန်ချိန် ၂၅၂၀) နှင့် မတ်ပဲ SQ/RC (2023 Crop) ကိန်တိန်နာ ၅လုံး ( တန်ချိန် ၁၂၀ )  ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၈၀ လုံး (တန်ချိန် ၁၉၂၀)နှင့် မတ်ပဲ SQ/RC( 2023 Crop) ကွန်တိန်နာ ၅လုံး(တန်ချိန် ၁၂၀) စုစုပေါင်းကွန်တိန်နာ ၈၅လုံး (တန်ချိန် ၂၀၄၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီ ကျပ် ၁၂၀၀၀၊ အိမ်မဲ ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးဈေးများ ငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၁၃၀၀ ( ၂၆၀၀၀ ပိဿာ)  နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀( ၇၅၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၉၀၀ ( ၃၈၀၀၀ ပိဿာ)  ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၆၀၀ ( ၁၂၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀( ၇၅၀ ပိဿာ) ပိုမိုဝင်ရောက် ခဲ့ကြောင်းသိရသည်။  

မန်ကျည်း

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၂၅၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၂၃၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၃၄၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၈၅၀၊ ပခုက္ကူကြမ်း ကျပ် ၃၅၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၈၀၀၊ ကြံသကာ(စစ်)ကျပ် ၂၇၀၀ နှင့် သကြား(ပြည်တွင်း)ကျပ် ၃၄၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ပြီး သကြား ကျပ် ၂၀ ဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိကြောင်းသိရသည်။

ကြက်သွန်နီ

     ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ၊ ဆိပ်ဖြူရှယ် ကျပ် ၂၄၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၃၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၃၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၈၀၀၊ မုံရွာရှယ် ကျပ် ၂၄၀၀ ၊ မုံရွာလတ်ကြီး ကျပ်  ၂၃၅၀၊   ၂၃၀၀ နှင့်  မုံရွာလတ်ချော ကျပ် ၁၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀၊ မုံရွာရှယ် ကျပ် ၁၀၀ ၊ မုံရွာလတ်ကြီး ကျပ်  ၁၀၀၊ မုံရွာလတ်သန့် ကျပ် ၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၀၀ အသီးသီးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၈၀ စီး( ၄၈၀၀၀၀ ပိဿာ )ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၂၀ စီး ( ၇၂၀၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်နီ ကားစီးရေ ၄၀ စီး (၂၄၀၀၀၀ ပိဿာ )ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကြက်သွန်ဖြူ

     ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ(တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၇၃၀၀၊ အောင်ပန်းထူး-၂  ကျပ် ၇၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၈၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၈၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၉၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ်  ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ပြီး ကြက်သွန်ဖြူဈေးများ ငြိမ်လျက်ရှိပါသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၄၀၀ (၇၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ် ၂၇၀၀ ( ၈၁၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၃၀၀ ( ၉၀၀၀ ပိဿာ ) ပိုမိုဝင် ရောက်ခဲ့ကြောင်း သိရသည်။

Source: Domestic(Ygn) MITC

Category: Local News