Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲကြီးဈေးဆက်တိုက်မြင့်တက်လာ

Last Updated:

အောက်တိုဘာလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ထောပတ်ပဲများ ဆက်တိုက် ဈေးတက်လာသည်။ မိုးပဲအဝင်နည်းသေးခြင်း၊ ဆောင်းပဲစိုက်ရန်ပြင်ဆင်ခြင်း၊ လက်ကျန်နည်းခြင်း၊ လက်ဖက်ပဲကြော် လုပ်ငန်းသမား များမှ အဝယ်သွက်လာသောကြောင့် ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲကြီး (ကြီး) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၂၀၀၀၀ မှ ၃၃၀၀၀၀၊ ယခင် တစ်ပတ် ကျပ် ၃၂၀၀၀၀ မှ ၃၁၀၀၀၀ ၊ ယခင်လ ကျပ် ၃၁၀၀၀၀ မှ ၃၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ယခင်လထက် ကျပ် ၁၀၀၀၀ မြင့်တက်လာသည်။

ပဲကြီး (လတ်) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၂၀၀၀၀ မှ ၃၁၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၉၅၀၀၀ မှ ၃၀၀၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၂၀၀၀၀ မြင့်တက်လာသည်။

ပဲကြီး (သေး) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ၊ ယခင်လကျပ် ၂၉၀၀၀၀ မှ ၂၉၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၀ ၊ ယခင်လထက် ကျပ် ၁၀၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News