Local News

မန္တလေးကုန်စည်ဒိုင်တွင် စားတော်ပဲဈေးနှုန်းအနည်းငယ် မြင့်တက်လာ

Last Updated:

အောက်တိုဘာလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်တွင် စားတော်ပဲများမှာ ယခင် တစ်ပတ်ကဈေးအေးနေရာမှ ယခုတစ်ပတ်တွင် ဈေးအနည်းငယ်မြင့် တက်လာသည်။ စားတော်ပဲကို ပြည်ပကနေ လည်း တင်သွင်းနေတာဖြစ်ပြီး၊ ပြည်တွင်းစားတော်ပဲတွေက လက်ကျန်နည်း၍ ဝယ်ယူမှုရှိသောကြောင့် ဈေးမြင့် လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

စားတော်ပဲ(ကနေဒါ) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၁၇၀၀၀ မှ ၂၁၈၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၁၃၀၀၀ မှ ၂၁၅၀၀၀၊ ယခင်လ ကျပ် ၂၁၂၀၀၀ မှ ၂၁၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၃၀၀၀ မှ ၄၀၀၀၊ ယခင်လထက် ကျပ် ၃၀၀၀ မှ ၅၀၀၀ မြင့်တက်လာသည်။

စားတော်ပဲ(ကျွန်း)  ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၆၀၀၀၀ မှ ၃၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၆၀၀၀၀၊ ယခင်လ ကျပ် ၃၇၀၀၀၀ မှ ၃၉၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၂၀၀၀၀ မှ ၆၀၀၀၀ ၊ ယခင်လထက် ကျပ် ၁၀၀၀၀ နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News