Local News

မန္တလေးကုန်စည်ဒိုင် နှမ်းမျိုးစုံဈေးနှုန်းဈေးကွက် အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ အောက်တိုဘာလ ဒုတိယပတ်အတွင်း နှမ်းမျိုးစုံ ဈေးကွက်ထဲ ဝင်ရောက်နေပြီး၊ အညာ မြစ်ရိုးတစ်လျှောက်မှ နှမ်းနက်အသစ်များ ဝင်ရောက်နေကြောင်း နှမ်းဖြူနှင့် နှမ်းနက်များမှာ တရုတ်ဝယ်လက် အဝယ်သွက်‌နေကြောင်း၊ နှမ်းညိုကတော့ ဈေးကွက်ထဲတွင် အဝင်များနေပြီး၊ အရောင်းအဝယ် နည်းနေသည့် အတွက်  ဈေးဆက်တိုက် ကျဆင်းနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၃၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်လကျပ်  ၃၂၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၁၀၀၀၀၊ ယခင် လထက် ၂၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၃၄၀၀၀၀ မှ ၃၄၅၀၀၀၊ ယခင်လကျပ် ၃၂၀၀၀၀ မှ ၃၄၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ ၊ ယခင်လထက်ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ မြင့်တက် လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၇၅၀၀၀ မှ ၃၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၆၅၀၀၀ မှ ၃၇၀၀၀၀၊ ယခင်လကျပ် ၃၆၀၀၀၀ မှ ၃၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ ၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ မြင့်တက်လာသည်။

နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၈၀၀၀၀ မှ ၂၈၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ၊ ယခင်လကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး ၊ ယခင်လထက်ကျပ်  ၂၀၀၀၀ နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီမှူးရုံး

Category: Local News