Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးမှုန့် တစ်တန်လျှင် (၉၁၄) ဒေါ်လာနှုန်းဖြင့် (၁၈၀) တန်၊ တန်ဖိုး(၀.၁၆၅) ဒေါ်လာသန်း၊ ငါးကြိတ်သားတစ်တန်လျှင် (၁၈၆၁) ဒေါ်လာနှုန်းဖြင့်(၁၄.၄)တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၀.၁၉၁) ဒေါ်လာသန်းအားအကောက်ခွန် သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန် လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ 

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၉)ရက်နေ့မှ အောက်တိုဘာလ (၁၀)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီတစ်တန်လျှင် (၉၈၈)ဒေါ်လာနှုန်းဖြင့် (၂၁၀၀) တန်၊ တန်ဖိုး (၂.၀၇၄) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲ နှုန်းမှာ (၁) ဘတ်လျှင် (၉၁) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News