Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၆၀၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၆၃၈)သန်းနှင့် သွင်းကုန်တန်ချိန်(၃၀) ၊ BBL (-)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၅) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၁.၆၅၃) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ဘောင်းကြေးငါးတန်ချိန် (၈၂.၁၈၀)၊ တန်ဖိုး  အမေရိကန်ဒေါ်လာ (၇၃၉၆၂.၀၀)၊ (၁)တန်ဈေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ ငါးချဉ်ပေါင်တန်ချိန်(၉၄.၀၉၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၁၃၇၆.၁၀)၊ (၁) တန်ဈေးနှုန်း  (၁၂၉၀)  အမေရိကန်ဒေါ်လာ၊ စက်ကလပ် တန်ချိန်(၃.၁၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၉၁၈.၄၀)၊ (၁)တန်စျေးနှုန်း (၁၂၄၀)အမေရိကန် ဒေါ်လာ၊ တာတိုငါးတန်ချိန်(၁၃၂.၀၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၆၆၄၂၀.၈၀)၊ (၁)တန်စျေးနှုန်း (၁၂၆၀) အမေရိကန်ဒေါ်လာ၊ ငါးမုတ်မဲတန်ချိန် (၁.၁၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၄၈၆.၄၀)၊ (၁)တန် စျေးနှုန်း(၂၂၂၀)အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်းငါးတန်ချိန် (၃.၂၁၅)၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ (၅၂၄၀.၄၅)၊ (၁) တန်စျေးနှုန်း (၁၆၃၀) အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန် (၆၀.၇၁၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၆၃၇၄၅.၅၀)၊ (၁)တန်စျေးနှုန်း (၁၀၅၀)အမေရိကန်ဒေါ်လာ၊ ပလာတူးငါးတန်ချိန်(၂၆.၆၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၆၀၆၈.၀၀)၊ (၁)တန်စျေးနှုန်း (၉၈၀) အမေရိကန်ဒေါ်လာ၊ ကင်းမွန် တန်ချိန်(၁၇.၉၅၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ(၄၄၁၅၇.၀၀)၊ (၁) တန် စျေးနှုန်း(၂၄၆၀)အမေရိကန်ဒေါ်လာ၊ ပုစွန်တန်ချိန်(၂.၂၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၅၄၄.၀၀)၊ (၁)တန် စျေးနှုန်း (၅၂၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာပီလောပီနံမှုန့် တန်ချိန် (၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၅၀၀၀)၊ (၁)တန်ဈေးနှုန်း (၅၀၀) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်/သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၁၁-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၉၃.၀၀)ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၁.၅) ကျပ်ခန့် (၉-၁၀-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ် လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News