Local News

ပဲခူး‌တိုင်းဒေသကြီး တောင်ငူမြို့၏ လိမ္မော်သီးဈေးကွက်အခြေအနေ

Last Updated:

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ အထက်တောင်ပေါ်ဒေသ၊ ရှမ်းပြည်နယ်ဘက်မှ သစ်သီးဝလံများ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် လိမ္မော်သီးများ စတင်ဝင်ရောက် လာပါသည်။ ဈေးနှုန်းမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် လိမ္မော်သီးအသေးတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၇၀၀၀ကျပ်ရှိပါသည်။

ဂျပန်လိမ္မော်ဟုခေါ်သော ပျားလိမ္မော်မှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၉၀၀၀ ကျပ်နှင့် အကြီး ၁၂၀၀၀ ကျပ်ရှိပါသည်။ ယခုအခါ လိမ္မော်သီးများလှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ နောက်အပတ်တို့တွင် ဈေးနှုန်းများ ယခုထက်ပိုမိုကျဆင်းနိုင်ကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News