Local News

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့၌ဖြစ်ပေါ်နေသော အုန်းသီးဈေးကွက်

Last Updated:

ပဲခူးတိုင်းဒေသကြီး တောတောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကျေးရွာအုပ်စု ၃၅ အုပ်စုရှိရာ ကျေးရွာအုပ်စု ၂၇ အုပ်စုတွင် အုန်းသီးများထွက်ရှိပါသည်။ အုန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်အထိရှိပါသည်။ အုန်းသီးဒိုင်များက အုန်းသီးကို ပင်လုံးပြတ်ဝယ်ယူပြီး အုန်းသီးခူးရန် အုန်းပင်တစ်ပင်လျှင် တက်ခ ၃၀၀၀ ကျပ်ပေးရကြောင်းသိရပါသည်။

ထန်းတပင်မြို့နယ်ထွက် အုန်းသီးများကို ထန်းတပင်မြို့မှတစ်ဆင့် မန္တလေး၊ မြင်းခြံမြို့များသို့ တင်ပို့ရောင်းချပါသည်။ အုန်းသီးကားကို သီးခြားတင်ပို့ခြင်းမဟုတ်ဘဲ တွဲဖက်ကုန်များဖြင့် အဆင်ပြေသလို တင်ပို့ကြောင်းသိရပါသည်။ ကားတစ်စီးလျှင် အလုံးရေ ၁၀၀၀ လုံးမှ ၃၀၀၀ လုံးအထိတင်ပို့ကြပါသည်။ အုန်းသီးများကို တစ်လလျှင် သုံးကြိမ်ခန့်တင်ပို့ရကြောင်း ထန်းတပင်မြို့၊ အုန်းသီးအဝယ်ဒိုင်များထံမှ သိရှိရပါသည်။

Category: Local News