Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၉ ) ရက်နေ့မှ(၁၀) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၈၇၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၀၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၈၈၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ (၉) ရက်နေ့မှ (၁၀) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၀.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၇၆)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၂.၄) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၉)သန်း၊ ဂျင်းခရု (အရှင်) (၇.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄၃)သန်း၊ ဂဏန်း(အသေ) (၈.၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၂) သန်း၊ ရေခူဆားနယ် (၂၃.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၅၅)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၃၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၇၄)သန်း၊ ငှက်ပျောသီး (၃၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၃)သန်း၊  ငရုတ်သီးစိမ်း (၄.၄) တန်၊  တန်ဖိုးကန်ဒေါ်လာ  (၀.၀၀၃၄)  သန်း  တင်ပို့နိုင်ခဲ့ပြီး  အဓိကတင်သွင်းခဲ့သော  ကုန်ပစ္စည်းများမှာ  သစ်သီး  (၂.၅) တန်၊  တန်ဖိုး  ကန်ဒေါ်လာ (၀.၀၀၀၇) သန်းဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁)တန်ဈေး နှုန်း ငါးမျိုးစုံ (၁၂၄၀.၇၉) ဒေါ်လာနှုန်း၊ (၇၀.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၇၆)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၅၀) ဒေါ်လာနှုန်း၊ (၂.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉) သန်း၊ ဂျင်းခရု (အရှင်) (၂၀၁၄.၈) ဒေါ်လာနှုန်း၊ (၇.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄၃) သန်း၊ ဂဏန်း (အသေ) (၁၁၇၂.၄၁) ဒေါ်လာနှုန်း၊ (၈.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၂) သန်း၊ ရေခူဆားနယ် (၁၉၁၁.၇၆) ဒေါ်လာနှုန်း၊ (၂၃.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၅၅) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၃၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၄) သန်း၊ ငှက်ပျောသီး (၂၉၄.၂၉) ဒေါ်လာနှုန်း၊ (၃၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၃)သန်း၊ ငရုတ်သီးစိမ်း(၇၇၂.၇၃)ဒေါ်လာနှုန်း၊ (၄.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၄)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁) တန်ဈေးနှုန်းမှာ - သစ်သီး (၂၈၀) ဒေါ်လာနှုန်း၊ (၂.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၇) သန်း ဖြစ်ပါသည်။

မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့်ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်းသိရှိရသည်။ လက်ရှိတွင်မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ် ဆောင်ရွက်လျက်ရှိပြီး (၁၀-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၈၇)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၂) ကျပ်ခန့်ရှိ ပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News