Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၇) ရက်နေ့မှ (၁၀) ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/ တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ(၀.၂၅၆၂)သန်းနှင့် သွင်းကုန်တင်သွင်းမှု မရှိသောကြောင့် ကုန်သွယ်မှုပမာဏအမေရိကန် ဒေါ်လာ (၀.၂၅၆၂)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၀၀)နှုန်းဖြင့် (၂၈၇)တန်၊ တန်ဖိုး (၀.၀၂၈၇) ဒေါ်လာသန်း၊ ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၆၉)တန်၊ တန်ဖိုး (၀.၀၀၇၉) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့်(၂၂)တန်၊ တန်ဖိုး(၀.၀၀၆၆) ဒေါ်လာသန်း၊ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ(၁၂၅၀)နှုန်းဖြင့်(၄၁.၄၇၂)တန်၊ တန်ဖိုး (၀.၀၅၁၈) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃) (၁) တန် လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၅၀.၀၁၆)တန်၊ တန်ဖိုး (၀.၀၆၄၀) ဒေါ်လာသန်း၊ ငါးမြစ်ချင်း (၃-၅)(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့် (၃၉.၂၆၄)တန်၊ တန်ဖိုး (၀.၀၅၁၈) ဒေါ်လာ သန်း၊ ငါးသိုင်းခေါင်းပွ (၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀)နှုန်းဖြင့် (၆.၉၆)တန်၊ တန်ဖိုး (၀.၀၀၈၈) ဒေါ်လာသန်းနှင့် ငါးသိုင်းခေါင်းပွ(၈ ကီလိုအထက်)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀) နှုန်းဖြင့်(၉.၂၆၄)တန်၊ တန်ဖိုး(၀.၀၁၃၀)ဒေါ်လာသန်းနှင့် ဆီးယိုထုပ်(၁)တန်လျှင်အမေရိကန် ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၉၄)တန်၊ တန်ဖိုး (၀.၀၂၃၆) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်တင်သွင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါ။

ပြင်ပငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၇.၂၀)တာကာနှင့် (၁)တာကာလျှင် (၂၈.၁၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘောတင်ခမှာ(၁)ပိဿာလျှင်ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

        ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်းအခြေ အနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ ကုန်တင်လှေများ သွားလာလျက်ရှိပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့မှ (၁၀) ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓာတ်မြေဩဇာ ပေါက်စျေးမှာ(၁)တန်လျှင် (၈၈၉၆၇.၉၇)တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၀၆၇၆.၁၆) တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၄၃၂.၉၂)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၄၀၄.၄၅) တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၄၂၀.၆၄)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၄၂၇.၀၅) တာကာနှင့် သံချောင်း (၁)တန်လျှင် (၆၂၂၇၇.၅၈)တာကာစျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၈.၁၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက်အဓိက ထားထုတ်လုပ်လျက်ရှိသည့် ဓာတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News