Local News

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ၁၃-၁၁-၂၀၂၃ မှ ၁၄-၁၁-၂၀၂၃ ရက်နေ့အတွင်း ဆန် (၄၁၆.၀၀) တန်၊ တန်ဖိုး (၀.၂၃၁) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၉၂.၀၀) တန်၊ တန်ဖိုး (၀.၀၈၄)ဒေါ်လာသန်း၊ ပြောင်း (၆၀၀.၀၀)တန်၊ တန်ဖိုး (၀.၁၅၆) ဒေါ်လာသန်းနှင့် ဖရဲသီး (၅၁.၀၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် ဆေးဝါးပစ္စည်း (၂၄၄၂၀၀) ခု၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ တာယာ (၇၀) လုံး၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စက္ကူလိပ် (၂၃.၀၀) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ထွန်စက် (၄) စီး၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်း၊ ကားအပိုပစ္စည်း (၂.၆၂) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာ သန်း၊ ဖော့ (၁.၅၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်းနှင့် ကုန်စုံ (၁၃၉.၉၀) တန်၊ တန်ဖိုး (၀.၁၁၂) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၁၄-၁၁-၂၀၂၃ ရက်နေ့တွင် (၁) ယွမ်လျှင် (၄၄၆) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

Source: (DOT လွယ်ဂျယ်)

Source: https://commerce.gov.mm

Category: Local News