Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်း စာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ ၀.၃၁၃၈ သန်းရှိကြောင်း သိရှိရသည်။

ပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် မန်ကျည်းစေ့ (၁၃၃) တန်၊ ဇီးဖတ် (၁၀၂) တန်၊ ဂျင်း (အစို) (၁၉) တန်၊ အုန်းသီးခြောက် (၂၉) တန်၊ ကွမ်းသီး (၃၁.၅) တန်၊ ငါးမြစ်ချင်း (၁-၂) (၃၄.၃၂) တန်၊ ငါးမြစ်ချင်း (၂-၃) (၃၆.၀၉၆) တန်၊ ငါးမြစ်ချင်း (၃-၅) (၄၆.၄၆၄) တန်၊ ငါးသိုင်းခေါင်းပွ (၅-၈) (၄.၉၆) တန်၊ ငါးသိုင်းခေါင်းပွ (၈ ကီလိုအထက်) (၅.၁၈၄) တန်၊ ငါးသလောက် (၈၀၀-၁၀၀၀) (၂.၃၃၈) တန်၊ ငါးသလောက် (၁၀၀၀-၁၂၀၀) (၁.၉၀၇) တန်၊ ငါးသလောက် (၁၂၀၀-၁၅၀၀) (၀.၄၄) တန်နှင့် ဇီးယိုထုပ် (၁၀) တန်တို့ကို တင်ပို့နိုင်ခဲ့သည်။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၂၆.၀၀) တာကာနှင့် (၁) တာကာလျှင် (၂၇.၀၀) ကျပ်ဖြစ်ကြောင်းသိရှိရသည်။

Source: (DOT စစ်တွေ)

Source: https://commerce.gov.mm

Category: Local News