International News

ထိုင်းဆန် ပြည်ပတင်ပို့ရန် လျာထားချက် တိုးမြှင့်

Last Updated:

ထိုင်းနိုင်ငံသည် ယခုနှစ်အတွက် ဆန်တင်ပို့မှု ရည်မှန်းချက်ကို မက်ထရစ်တန် ၈ ဒသမ ၅ သန်းအထိ တိုးမြှင့်ထားကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ရိုက်တာသတင်းဌာနသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။  အစိုးရက ဆန်တန်ချိန် ၈ သန်း တင်ပို့မည်ဟု အစောပိုင်းက ရည်မှန်းထားခဲ့ပါသည်။ ဗီယက်နမ်ဆန် ဈေးမြင့်တက်နေသဖြင့် နှိုင်းယှဉ်ပါက ထိုင်းဆန်က ဈေးသက်သာနေသဖြင့် ထိုင်းဆန် ဝယ်ယူမှုများပြားမည်ဟု မျှော်မှန်းထားသည်။

“ဗီယက်နမ်ဆန်က ဈေးကြီးတဲ့အတွက် ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေထံမှ ထိုင်းဆန် အမှာစာတွေ တိုးလာတယ်” ဟု ၎င်းက ပြောသည်။ ထိုင်းဆန်သည် မက်ထရစ်တစ်တန်လျှင် ကန်ဒေါ်လာ ၅၅၀ မှ ၅၅၅ ဒေါ်လာခန့်နှင့် ဗီယက်နမ်ဆန်က ဒေါ်လာ ၆၃၀ ခန့်ရှိကြောင်း ၎င်းက ပြောသည်။ ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယ ကမ္ဘာ့အများဆုံး ဆန်တင်ပို့သူဖြစ်သည်။

ယခုနှစ်တွင် ထိုင်းဆန်ထုတ်လုပ်မှုသည် အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့်  သက်ရောက်မှု အနည်းငယ်သာရှိကြောင်း Chookiwat မှ ပြောကြားခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ရာသီတွင် တန်ချိန် ၃၃ မှ ၃၄ သန်းအထိ ထွက်ရှိရန် မျှော်မှန်းထားပြီး ယမန်နှစ် အလားတူကာလထက် တန်ချိန် ၂ သန်း ပိုများမည်ဖြစ်သည်။ ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၆ ဒသမ ၀၈ သန်း ပြည်ပသို့ ရောင်းချခဲ့ရသည်။

လာမည့်နှစ်တွင် ထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၇ ဒသမ ၅ သန်းအထိ ကျဆင်းရန် မျှော်မှန်းထားကြောင်း၊ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့မှု ကန့်သတ်ပိတ်ပင်မှုများ ဖြေလျှော့မည်ဟု ခန့်မှန်းထားသည်။

Source: Reuters

Source: https://www.foodindustrydirectory.com.mm

Category: International News