Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူဈေးငြိမ်၍ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဝါနှင့် ဆီဆံဈေးနှုန်းများ ဈေးမြင့်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်း လျှင် (၁၀၃၀၀၀)ကျပ်၊နှမ်းဝါ တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀-၁၂၀၀၀၀ )ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၈၀၀၀- ၁၂၅၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်း မှာ နှမ်းညို တစ်တင်းလျှင် (၉၅၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်း လျှင် (၁၁၀၀၀၀-၁၁၇၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၇၀၀၀ -၁၂၂၀၀၀) ကျပ်ရှိ၍ ယခင်ပတ် ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက ဈေးမြှင့်တက်နေကြောင်းသိရသည်။
ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀) ကျပ်ရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေး နှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၀၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူဈေးငြိမ်၍ မြေပဲဆီဆံဖြူမှာ ဈေးအနည်းငယ်မြှင့်တက် နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၅၀၀-၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ  (၁၂၅၀၀)ကျပ် ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၅၀၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၅၀၀ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၅၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News