Local News

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံအ‌ရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)သို့ စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျှောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကျပ်(၁၀၁၉၀၀-၁၀၂၀၀၀)ဖြစ်ခဲ့ပြီး (ဒုတိယပတ်)တွင် ပဲစင်းငုံနီ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၁၀၈၈၀၀-၁၀၉၇၀၀)ဖြစ်၍ ကျပ် (၆၉၀၀-၇၇၀၀)စျေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ (၁)ပတ်အတွင်း အိတ်(၆၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နှမ်းဖြူ(၁၅) ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၁၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၁၂၃၀၀၀)ဖြစ်၍ ကျပ် (၃၀၀၀)စျေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ (၁)ပတ်အတွင်း အိတ်(၁၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မကွေး ကုန်စည်ဒိုင်တွင် ပဲစင်းငုံနီနှင့် နှမ်းဖြူတို့မှာ အရောင်းအဝယ်အများဆုံးဖြစ်နေပြီး မန္တလေးမှ အများဆုံးဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၈၂၀၀) ဖြစ်၍ ကျပ်(၇၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ လုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၅၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၁၀၀)ဖြစ်၍ ကျပ်(၆၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ လုံးဆံနီနှင့်လုံးဆံဖြူမှာ (၁)ပတ်အတွင်း အိတ်(၂၀၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်း၊ ကျန် ပဲ၊ နှမ်းသီးနှံများမှာ အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရှိရပါသည်။

(၉-၁-၂၀၂၄)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းများမှာ နှမ်းနက်စမုံ (၁၅)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၁၆၀၀၀)၊ နှမ်းဖြူ (၁၅)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၂၃၀၀၀)၊ နှမ်းနီ(မကွေး) (၁၅)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၀၁၀၀၀-၁၀၂၀၀၀)၊ နှမ်းနီ (နယ်စ) (၁၅)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၉၈၀၀၀)၊ ပဲမျိုးစုံအနေဖြင့် ပဲတီစိမ်း (၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၆၂၀၀၀)၊ ပဲနှောက် (၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၅၀၀၀၀)၊ ပဲလွန်းဝါ (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၅၄၀၀၀-၅၅၀၀၀)၊ ကုလားပဲ (929) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၉၄၀၀၀)၊ ကုလားပဲ (HL) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၉၃၅၀၀)၊ ပဲကြီးဖြူ (လတ်) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၂၀၀၀၀)၊ ပဲကြီးဖြူ(သေး) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၁၀၀၀၀)၊ ပဲကြီးဖြူ (ပြားကြီး) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၃၀၀၀၀)၊ ပဲကြီးမဲ (ချင်း) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၈၅၀၀၀)၊ ပဲစင်းငုံနီ (၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၀၈၈၀၀-၁၀၉၇၀၀)၊ မတ်ပဲ (၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၉၂၀၀၀)၊ စားတော်ပဲ (၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၁၇၀၀၀-၁၂၀၀၀၀)၊ မြေပဲလုံးဆံနီ (၁)ပိဿာလျှင် ကျပ်(၈၂၀၀)၊ လုံးဆံဖြူ (၁)ပိဿာလျှင် ကျပ် (၇၀၀၀-၇၁၀၀)၊ မြေပဲဆံ(အောက်ကျ) (၁)ပိဿာလျှင် ကျပ်(၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News