Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးမှုန့်တစ်တန်လျှင် (၈၉၀)ဒေါ်လာနှုန်းဖြင့် (၃၀၀)တန်၊ တန်ဖိုး (၀.၂၆၇) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား တစ်တန်လျှင် (၁၈၁၁)ဒေါ်လာနှုန်းဖြင့် (၂၇)တန်၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်းအား  မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့်  ပရာကျွတ်ကရီခမ်ခရိုင်သို့  ကားလမ်းကြောင်း  ဖြင့်လည်းကောင်း စုစုပေါင်း ပို့ကုန်တန်ဖိုး (၀.၃၁၆)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင် ကားခ(ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု လုပ်ငန်းသုံးလျှပ်စစ်ဝါယာကြိုး(၅၄.၁၄၇) တန် ၊ တန်ဖိုး (၀.၄၃၆) သန်းအား ထိုင်းနိုင်ငံမှ ရေလမ်းကြောင်းဖြင့် တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၉၀၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၉၈၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈.၃) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News