Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၆-၁-၂၀၂၄ မှ ၁၂-၁-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၇၁၉.၅) တန်၊ တန်ဖိုး (၀.၁၇၂) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၁၈.၈) တန်၊ တန်ဖိုး (၀.၀၁၇)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ(၆၀)တန်၊ တန်ဖိုး (၀.၂၁၅)ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၄၃)တန်၊ တန်ဖိုး (၀.၁၇၆)ဒေါ်လာသန်း၊ ထောပတ်သီး(၆၁၁)တန်၊ တန်ဖိုး (၀.၃၃၄)ဒေါ်လာသန်း၊ Manganese Dioxide (၇၈၀) တန်၊ တန်ဖိုး (၀.၀၇၂) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၆၈) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၃၆) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၀.၄၄၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၈၇၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၆-၁-၂၀၂၄ မှ ၁၂-၁-၂၀၂၄)တွင် ဓာတ်ဆီ (၃၂၈၉) BBL ၊ တန်ဖိုး(၀.၃၄၄) ဒေါ်လာသန်း၊ ဒီဇယ် (၃၁၄၄) BBL ၊ တန်ဖိုး(၀.၃၇၂) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၁၀၇) ဒေါ်လာသန်း၊ လယ်ထွန်စက်များ (၀.၀၁၀) ဒေါ်လာသန်း၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ (၀.၀၀၁) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၁၉၀) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၄)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၄၄၀)ဒေါ်လာသန်း၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၉)ဒေါ်လာသန်း၊ စက်ဘီးအပိုပစ္စည်းများ (၀.၀၁၀) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၂၁) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၈) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၁၁၈) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ(၀.၀၀၂)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၂၅)ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၀၃)ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၁.၉၁၅) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News