Local News

လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

        ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်မှ ၁၂ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၄၁၈၀၉၉၆.၃၈ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၁၀၄၈၄၃၁.၀၀ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။ တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ဆန်ကွဲနှင့်ကြိမ်များ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၈၁၇၁၈၂.၃၈ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၃၃၆၃၈၁၄.၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
       သွင်းကုန်ပစ္စည်းများမှာ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ချည်ထည်များ၊ ကုန်ထုတ်စက္ကူများ၊ ဓါတ်မြေသြဇာများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ သံပိုက်၊ မြက်ခင်းတုနှင့် ဂေါ်ပြားများတင်သွင်းမှု ရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၉၂၉၈၇.၀၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၇၅၅၄၄၄.၀၀ တင်သွင်းမှုရှိခဲ့ပါသည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၃၂ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၁.၂၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

  

                                                                                                                                                                                                                         မနောမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News