Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှုအခြေအနေ

Last Updated:

      ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်မှ ၁၂ ရက်နေ့အတွင်း ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေး စခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ဆန်ကွဲနှင့် ကြိမ်များတင်ပို့ခဲ့ပြီး ပို့ကုန်၏ ငွေပမာဏမှာ ၄၁၈၀၉၉၆.၃၈ ကန်ဒေါ်လာတင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၃၁၇၃၂၇၉.၇၁ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၀၀၇၇၁၆.၆၇ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်ပို့မှုရှိခဲ့ သည်ကို တွေ့ရပါသည်။
    သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၆  ရက်မှ ၁၂ ရက်နေ့အတွင်း သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ချည်ထည်များ၊ ကုန်ထုတ်စက္ကူများ၊ ဓါတ်မြေသြဇာ များ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ သံပိုက်၊ မြက်ခင်းတုနှင့် ဂေါ်ပြားများတင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၁၀၄၈၄၃၁.၀၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏ ၉၄၂၇၇၃ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်း ယှဉ်ပါက ၁၀၅၆၅၈.၀၀ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။
      တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၃၁၃၂၅၆၅.၃၈ ကန်ဒေါ်လာ ပိုမိုပြီးကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၃၂ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၁.၂၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

  

                                                                                                                                                                                                                                       မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News