Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၉-၇-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၉-၇-၂၀၂၃)ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၁၂၉)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၆၆၇)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၃.၇၉၆)သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့်(၄၈.၆၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၇၅)သန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၁၂၃.၄၂၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၁၈)သန်း၊ ကြက်သွန်နီ(၃၅၉.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၃) သန်း၊ ကဏန်း (၂၄.၁၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၂) သန်း၊ ခဲသွပ်အရောသတ္တု(၁၃၈.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၀၀) သန်း၊ ကြေးနီ (၃၂.၅၀၀) တန်၊ တန်ဖိုး (၀.၀၉၃) ဒေါ်လာသန်း၊ ဝါဂွမ်း(၄၉.၇၆၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၇) သန်း၊ ကြက်ဆူစေ့(၁၃၃.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၆၇)သန်း၊ ပုစွန်ဖွဲ (၉၉.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၇) သန်း၊ နနွင်းတွက်(၇၅.၈၀၀)တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်းတို့ ဖြစ်သည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ ကန်ဒေါ်လာ (၁.၃၉၂)သန်း၊ သွပ်လိပ် တန်ဖိုးကန်ဒေါ်လာ(၀.၁၀၁)သန်း၊ ဓာတ်ဆီ တန်ဖိုး  ကန်ဒေါ်လာ (၀.၀၇၁) သန်း ၊ ဒီဇယ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၈) သန်း၊ သံချောင်းလုံး တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၃) သန်း၊ ဆိုလာပစ္စည်းများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်း၊ အဝတ်လျှော်စက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၈) သန်း၊ ဓာတ်ခဲ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၃) သန်း၊ ဘတ္ထရီအိုးများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁) သန်း၊ ကားတာယာတန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁) သန်းတို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၉) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁၁.၂၃၈) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၁၆.၁၉၁) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၂၇.၄၂၉) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၀.၈၇၂၅) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရ သည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။

      (၉-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအားငါးရှဉ့် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၉၈.၀၂၂) နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၉၅၅.၆၆၀) နှုန်း၊ ကြက်သွန်နီ(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၁၆.၀၅၇) နှုန်း၊ ကဏန်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၂၅.၈၂၃) နှုန်း၊ ခဲသွပ်အရောသတ္တု (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၇၂၇.၃၀၀) နှုန်း၊ ကြေးနီ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၈၅၆.၀၉၁) နှုန်း၊ ဝါဂွမ်း(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၃၈.၉၁၉) နှုန်း၊ ကြက်ဆူစေ့(၁) တန်လျှင် အမေရိကန်ဒေါ်လာ(၅၀၂.၉၆၂)နှုန်း၊ ပုစွန်ဖွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၇၇.၃၀၈)နှုန်း၊ နနွင်းတက် (၁)တန်လျှင် အမေရိကန် ဒေါ်လာ(၅၃၄.၃၇၄) နှုန်းတင်ပို့နိုင်ခဲ့သည်။

     (၃-၇-၂၀၂၃) ရက်နေ့ မှ (၉-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ခဲသွပ်အရောသတ္ထု (၁၉၁၂.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၃၉၁) သန်း၊ ငါးရှဉ့် (၂၉၄.၂၈၀)တန်၊ တန်ဖိုးကန် ဒေါ်လာ (၁.၀၆၈)သန်း၊ ကဏန်း(၂၄၄.၈၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၀၄၀)သန်း၊ ကြက်သွန်နီ(၂၀၇၉.၀၀၀)တန်၊ တန်ဖိုး(၀.၇၂၁)ဒေါ်လာသန်း၊ မြေထောက်ပဲ(၄၀၄.၅၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၆၀၄) သန်း၊ ပုစွန်ဖွဲ(၉၀၉.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၃၇)သန်း၊ ဝါဂွမ်း(၂၃၁.၀၅၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၄၀၉)သန်း၊ မိကျောင်းကွမ်းဖတ်စေ့(၄၀၈.၂၁၀) တန်၊ တန်ဖိုး(၀.၃၉၄)ဒေါ်လာသန်း၊  ပုစွန်ခြောက်(၆၃.၀၄၇)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၃၇၈)သန်း၊ ကြေးနီ(၁၀၂.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၂၉၅)သန်းတို့ ဖြစ်သည်။

     (၃-၇-၂၀၂၃) ရက်နေ့ မှ (၉-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများတန်ဖိုးကန်ဒေါ်လာ (၄.၃၂၅) သန်း၊ သွပ်လိပ် တန်ဖိုးကန်ဒေါ်လာ (၀.၇၂၇)သန်း၊ စက်သုံးဆီ တန်ဖိုးကန်ဒေါ်လာ (၀.၄၉၄)သန်း၊ CMP စက်ရုံသုံးကုန်ကြမ်းပစ္စည်းများတန်ဖိုး ကန်ဒေါ်လာ (၀.၂၈၈) သန်း၊ သံချောင်းလုံး တန်ဖိုး ကန်ဒေါ်လာ (၀.၁၇၇) သန်း၊ သံဘောင်ဖရိန်များ တန်ဖိုးကန်ဒေါ်လာ (၀.၁၄၂) သန်း၊ PVC ပလိပ်ပြားတန်ဖိုးကန်ဒေါ်လာ (၀.၁၃၄) သန်း၊ ကားတာယာများတန်ဖိုးကန်ဒေါ်လာ (၀.၁၃၂) သန်း၊ ဖိနပ်ကန်ဒေါ်လာ (၀.၁၃၁) သန်း၊ သံပိုက် တန်ဖိုးကန်ဒေါ်လာ (၀.၈၅၇) သန်းတို့ ြဖစ်သည်။

     (၃-၇-၂၀၂၃) ရက်နေ့ မှ (၉-၇-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ခဲသွပ်အရောသတ္တု(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၇၂၇.၃၀) နှုန်း၊ ငါးရှဉ့်(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၃၀.၅၂)နှုန်း၊ ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၄၉.၅၅) နှုန်း၊ ကြက်သွန်နီ(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၄၆.၇၇) နှုန်း၊ မြေထောက်ပဲ(၁) တန်လျှင် အမေရိကန် ဒေါ်လာ(၁၄၉၄.၂၈) နှုန်း၊ပုစွန်ဖွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၈၁.၂၈) နှုန်း၊ဝါဂွမ်း(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၇၁.၆၆) နှုန်း၊မိကျောင်းကွမ်း ဖတ်စေ့(၁) တန်လျှင် အမေရိကန် ဒေါ်လာ (၉၆၄.၈၉)နှုန်း၊ ပုစွန်ခြောက်(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၆၀၀၀.၀၀)နှုန်း၊ ကြေးနီ(၁) တန်လျှင် အမေရိကန် ဒေါ်လာ(၂၈၇၈.၅၁)နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

     မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများအချိန်နှင့် တပြေးညီသိရှိအောင် ဆောင်ရွက်သင့်သည်။ ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏ မူဝါဒလုပ်ထုံးလုပ်နည်းများသိရှိအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအားတစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

  ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိရာသီဥတုနှင့် လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေဒေသအခြေအနေတို့ကိုကုန်သည်လုပ်ငန်းရှင်များအချင်းချင်းချိတ်ဆက်သတင်းရယူခြင်း၊ သက်ဆိုင်ရာကုန်သည်အသင်းအဖွဲ့များ၊ ညီနောင်အသင်းများဖြင့် ချိတ်ဆက်ခြင်းအပြင် လိုအပ်ပါကသက်ဆိုင်ရာအစိုးရဌာနများသို့ သတင်းပို့တင်ပြခြင်းများဆောင်ရွက်သင့်သည်။ တင်သွင်း/တင်ပို့လိုသည့် ကုန်ပစ္စည်းအမယ်အသစ်များရှိပါကလည်းသက်ဆိုင်ရာအစိုးရဌာနများသို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News