Local News

မြိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်နှင့် သွင်းကုန်တင်ပို့နိုင်မှုအခြေအနေ

Last Updated:

     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှ ဇူလိုင်လ (၉) ရက်နေ့အတွင်း ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၂၁.၆၀) တန် ၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း၊ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/ -(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့်မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှ ဇူလိုင်လ (၉) ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုအခြေအနေမှာတနင်္သာရီတိုင်းဒေသကြီးအတွင်းသုံးစွဲရန်လိုအပ်သည့်စက်သုံးဆီအားထိုင်းနိုင်ငံရေလမ်းကြောင်းမှ တင်သွင်းလျက်ရှိရာ၊ဓါတ်ဆီတစ်တန်လျှင် (၈၉၀.၈၂၄)ဒေါ်လာနှုန်းဖြင့် (၁၅၀)တန်၊တန်ဖိုး(၀.၁၃၃)ဒေါ်လာသန်း၊ဒီဇယ်ဆီတစ်တန်လျှင် (၇၈၁.၃၉၉)ဒေါ်လာနှုန်းဖြင့် (၄၀၀၀)တန်၊ တန်ဖိုး(၃.၁၂၆)ဒေါ်လာသန်း၊ စုစုပေါင်း(၃.၂၅၉)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၃၁၈)ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၂၉၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News