Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့်သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့်အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ ဆီအုန်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၁၄၅)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၃၈၉)သန်း၊ သွင်းကုန်တန်ချိန် (၃၆၈)၊(-)U၊ (၃၇၅၀) BBL၊ တန်ဖိုးတန်ချိန်(၂၃.၉၇၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၆၈၅၅.၃၆)၊ (၁)တန်စျေးနှုန်း  (၁၁၂၀)  အမေရိကန်ဒေါ်လာ၊ ငါးလိပ်ကျောက်တန်ချိန်(၄.၅၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၉၄၈၀.၆၀)၊ (၁)တန် (၇၂၈၄.၂၀)၊ (၁)တန်စျေးနှုန်း (၂၄၂၀)အမေရိကန်ဒေါ်လာ၊ညိုချောတန်ချိန် (၃၉.၂၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၄၅၆၆.၄၀)၊ (၁)တန်စျေးနှုန်း (၈၈၀)အမေရိကန်ဒေါ်လာ၊ စက်ဟောက်(၃၂၆၀၀.၀၀)၊ (၁)တန်စျေးနှုန်း (၁၂၅၀)အမေရိကန်ဒေါ်လာ၊ ငါးချဉ်ပေါင်တန်ချိန် (၁.၆၈၀)၊ တန်ချိန် (၈.၀၀၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၁၁၅၅.၀၁)၊ (၁) တန် ဈေးနှုန်း (၃၈၉၀) အမေရိကန်ဒေါ်လာတို့ဖြစ်သည်။

     အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာဒီဇယ်တန်ချိန်(၅၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၈၁၀၀၀)၊ (၁)တန်ဈေးနှုန်း(၇၆၂) အမေရိကန်ဒေါ်လာ၊ကျောက်ချဉ်တန်ချိန် (၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၅၀၀၀)၊ (၁)တန်စျေးနှုန်း(၁၆၆.၆၆)အမေရိကန်ဒေါ်လာ၊ ကော်တန်ချိန်(၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၀၀၀)၊(၁)တန်စျေးနှုန်း(၂၂၂.၂၂) အမေရိကန်ဒေါ်လာ၊ ငါးထည့်သည့်ခြင်းတန်ချိန်(၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၆၀၀၀)၊ (၁)တန်စျေးနှုန်း(၆၆၆.၆၆) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့်တန်ချိန်(၂၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၄၀၀၀)၊ (၁)တန်စျေးနှုန်း (၅၁၆.၆၆) အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်ရေခဲပုံးတန်ချိန် (၃၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၉၀၀၀)၊ (၁)တန်စျေးနှုန်း (၁၉၀၃.၂၂) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ဝိ/- ကျပ်ရှိကြောင်းသိရှိရသည်။

     ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၁၀-၇-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၁၄၂)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၈၇.၆၀) ကျပ်ခန့်ဖြင့်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၁၇၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၁၂၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News