Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

     တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်(၁-၇-၂၀၂၃ မှ ၇-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၂၀၅၄) တန်၊ တန်ဖိုး (၀.၆၄၀)ဒေါ်လာသန်း၊ ကြက်သွန်ဖြူတန်ချိန် (၆၈) တန်၊ တန်ဖိုး(၀.၁၀၆)ဒေါ်လာသန်း၊ လက်ဖက်ခြောက်တန်ချိန် (၄၀)တန်၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်းတန်ချိန်(၁၇၄)တန်၊ တန်ဖိုး(၀.၀၂)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

     ယခုလဆန်းပိုင်း၌ တစ်ဖက်နိုင်ငံဝယ်လက်သည် ပြောင်း ၁ ကီလိုလျှင် (၁၀.၄) ဘတ်ခန့်သာ ဈေးပေးဝယ်ယူခြင်းကြောင့် ပြောင်းတင်ပို့မှု လျော့နည်းကြောင်း တွေ့ရှိရပါသည်။  တာချီလိတ် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ(၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအားကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR) စစ်ဆေး၍ ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင်လွယ်ကူချောမွေ့လျက်ရှိပါသည်။ ငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၁၄၅) ဘတ်ဖြစ်ပေါ်ခဲ့သည်။

     တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်တွင် ဘိလပ်မြေ (၀.၃၈၆)ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်း(၀.၄၆၃)ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း(၀.၃၈၁)ဒေါ်လာသန်း၊တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၄၃)ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၀၄)ဒေါ်လာသန်း ၊ သုတ်ဆေး/ပေါလစ်များ (၀.၀၀၅) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး(၁.၄၉၄)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ဈေးနှုန်းအနေဖြင့် ဘိလပ်မြေတစ်တန်လျှင်(၈၀)ဒေါ်လာ၊ ဒီဇယ်ဆီတစ်တန်လျှင် (၇၈၀.၂၂၅)ဒေါ်လာ၊ ဓါတ်ဆီတစ်တန်လျှင်(၈၇၆.၁၂၈) ဒေါ်လာဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News