လက်ရှိတွင် မူဆယ်ဆန်လက်ကားဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး တရုတ်-မြန်မာနယ်စပ်မှတဆင့် ဆန်တင်ပို့မှုသည် ရပ်တန့်နေကြောင်း မူဆယ်အခြေစိုက် ဆန်ကုန် သည်များ၏ ပြောကြားချက်အရ သိရသည်။ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့ရောင်းချနိုင်ရန် ယူနန်ပြည်နယ်အစိုးရနှင့် ဆွေးနွေးနေကြောင်း နိုင်ငံပိုင်သတင်းစာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။
‘‘တရုတ်နိုင်ငံကို တင်ပို့တဲ့ ပမာဏက နည်းနည်းကျသွားတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကို တင်ပို့နေတုန်းပါပဲ။ နယ်စပ်ကနေတဆင့် ယူနန်ကို တင်ပို့မှုက အလွန်နည်းပါတယ်’’ ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။ ပင်လယ်ရေကြောင်းမှတဆင့် ကွမ်ကျိုးနှင့် အခြားသော တရုတ်ဆိပ်ကမ်းများကို ဆန်တင်ပို့မှုများရှိနေကြောင်း
Source: Popular News Journal