International News

ထိုင်းသစ်သီးဝလံ တရုတ်ဈေးကွက်ဝေစု ၄၀% ကျော် ရရှိ

Last Updated:

     ထိုင်းနိုင်ငံသည် တရုတ်ဈေးကွက်သို့ သစ်သီးဝလံ တင်ပို့သူများတွင် ဦးဆောင်သူနေရာကို ရရှိထားသည်။ တရုတ်နိုင်ငံ သစ်သီးဝလံဈေးကွက်တွင် ၂၀၂၂ ခုနှစ်မှာ ဈေးကွက်ဝေစု ၄၁ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု လက်ထောက် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Ratchada Thanadirek က ပြောကြားသည်။ သစ်သီးတင်ပို့မှုကို တရုတ်နိုင်ငံ၏ နေရာဒေသအနှံ့အပြားသို့ တိုးချဲ့ရန် စီစဉ်နေကြောင်းဘ၎င်းက ပြောကြားသည်။

     တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ထိုင်းနိုင်ငံမှ မန်ကျည်း၊ ကနစို၊ သရက်၊ မာလကာ၊ လိုင်ချီး၊ မင်းဂွတ် အပါအဝင် အသီး ၂၂ မျိုး တင်သွင်းသည်။ ဈေးကွက်ကို ကြီးစိုးထားနိုင်သည့် အသီးများ၏ ဈေးကွက်ဝေစု အသ‌ီးသီးကိုကြည့်လျှင် ဒူရင်း ၉၅.၃% ၊ လုံငန်း ၉၉.၃%၊ ကြက်မောက် ၈၆.၈%၊ အုန်းသီး ၆၉.၂% လိုင်ချီး ၈၂.၄%၊ ကနစို ၁၀၀% ဖြစ်ပါသည်။ သစ်သီးတင်ပို့မှုကို တရုတ်နိုင်ငံ တစ်နိုင်ငံနည်းအပေါ် တည်မှီနေခြင်းအစား အမေရိကန်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့လည်း တိုးချဲ့တိုးမြှင့် တင်ပို့နိုင်ရန် ထိုင်းအစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News