Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

ဇူလိုင်လ တတိယအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန် သီးနှံများထဲမှ ကုလားပဲလုံးကြီး၊ 929၊ ထိုင်ဝမ်၊ ကုလားပဲဖြူလုံးသေး၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းကြီး၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပဲကြီး၊ ပဲပုတ်စေ့၊ ဈေးနှုန်းကျဆင်းသွားပြီး၊ ပဲတီစိမ်းနှင့် ပဲယင်းမှာငြိမ်နေဈေးနှုန်းပြီး ဂျုံဈေးနှုန်းမှာ ပြန်လည်တက်လာသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်း (၅၈၀၀၀)ကျပ်၊ ထွက်တိုး (၅၀၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၉၉၀၀၀)ကျပ်၊ မတ်ပဲ (၅၈၀၀၀-၇၂၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၅၀၀၀-၅၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၆၀၀၀)ကျပ်၊ ပဲနီလုံးကြား (၄၈၅၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး (၅၁၀၀၀)ကျပ်၊ မြေထောက်ပဲ (၉၅၀၀၀)ကျပ်၊ ပုဂံပဲ (၈၅၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၇၁၅၀၀-၇၃၀၀၀) ကျပ် နှင့် ပဲကြီးတစ်တင်း (၉၇၅၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ်အတွင်း ကာလတူပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ထွက်တိုး (၄၆၀၀၀) ပဲစဉ်းငုံ တစ်တင်းလျှင် (၁၀၃၅၀၀) ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ ပဲတီ စိမ်းကြီး (၅၇၅၀၀)ကျပ်၊ ပဲတီစိမ်း(၄၆၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၅၄၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀) ကျပ်၊ မြေထောက်ပဲတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ပုဂံပဲ (၈၁၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀) ကျပ်၊ ပဲပုတ်စေ့ (၇၃၅၀၀) ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၉၉၀၀၀-၁၀၀၀၀၀) ကျပ် ပေါက် ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ပဲတီစိမ်းသေး၊ ပဲယင်းဝါ ဈေးငြိမ်၍ ပဲစဉ်းငုံ တစ်တင်း (၄၅၀၀) ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၂၅၀၀) ကျပ်၊ ပဲနီလုံးကြား  တစ်တင်းလျှင် (၅၅၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ပဲကြီးတစ်တင်းလျှင် (၂၅၀၀) ကျပ်၊ ပဲပုတ်စေ့ တစ်တင်းလျှင် (၅၀၀) ကျပ်နှုန်း ကျဆင်းသွားပြီး၊ ဂျုံဖြူသန့်တစ်တင်းလျှင် (၄၅၀၀)ကျပ်၊ ထွက်တိုးတစ်တင်း(၄၀၀၀)ကျပ် မြင့်တက်လာကြောင်း သိရသည်။  

ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီးတစ်တင်း (၈၃၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၃၅၀၀) ကျပ်၊ 929  (၈၃၅၀၀) ကျပ်၊ ထိုင်ဝမ် (၈၂၅၀၀) ကျပ် ပေါက်ဈေးရှိပြီး ယခင်အပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီးတစ်တင်း(၉၀၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၉၀၀၀၀) ကျပ်၊ 929  (၈၈၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက 929 တစ်တင်းလျှင် (၅၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၆၅၀၀) ကျပ်နှင့် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် (၆၅၀၀) ကျပ် ကျဆင်းသွားကြောင်း သိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၀၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၈၀၀) ကျပ်ရှိ၍ ယခင်ပတ်ကာလတူနှင့် နှိုင်းယှဉ် ပါက CP ပြောင်းဖူးစေ့ (၈၀၀)ကျပ် ကျဆင်းလာကြောင်း သိရပါသည်။

Category: Local News