Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

 ဇူလိုင်လ တတိယအပတ်တွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ ပိဿာချိန် (၁၅၀၀၀) ကျော် ဝင်ရောက်လျက်ရှိပါ သည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်းသိရသည်။

 ယခုအပတ်တွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား(ကြီး) (၂၂၀၀-၂၁၀၀)ကျပ်၊ (လတ်) (၂၀၀၀-၁၉၅၀) ကျပ်၊ (သေး) (၁၆၀၀-၁၅၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ် မှုတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၃၅၀-၂၂၅၀)ကျပ်၊ (လတ်) (၂၂၀၀-၂၀၀၀)ကျပ်၊ (သေး) (၁၈၀၀-၁၆၀၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ(ဗမာ)(၈၀၀၀-၉၂၀၀)ကျပ်၊ (ရှမ်းစ) (၇၃၀၀-၈၁၀၀)ကျပ်၊ ကြူကုတ် (၇၂၀၀-၈၀၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၈၅၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၇၆၀၀-၈၇၀၀)ကျပ်၊ ကြူကုတ် (၇၅၀၀-၈၅၀၀) ကျပ်ဖြင့် ပစ္စည်းအရည် အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားပြီး အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

MT - မုံရွာ

Category: Local News