Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၀၉ ရက်နေ့မှ၁၃ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၂၁၈)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၀၀၈) သန်း၊ သွင်းကုန်တန်ချိန် (၁၈၉)၊  (၆၄၄၈)U၊  (၁၇၆၄)  BBL၊  တန်ဖိုး  အမေရိကန်ဒေါ်လာ (၇၈၆၃၈.၄၀)၊ (၁)တန်စျေးနှုန်း (၁၂၉၀)အမေရိကန်ဒေါ်လာ၊ ပလာလန်း တန်ချိန် (၄၁.၂၉၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၃၆၈၃.၅၀)၊ (၁)တန် စျေးနှုန်း (၁၃၀၀)   အမေရိကန်ဒေါ်လာ၊ စစ်ကလပ်တန်ချိန် တန်ချိန် (၈၉.၂၃)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၅၂၉၁.၄၀)၊ (၁)တန်စျေးနှုန်း (၁၁၈၀) အမေရိကန်ဒေါ်လာ၊ ကုလားငူတန်ချိန် (၅.၂၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၁၇၇.၆၀)၊ (၁)တန်စျေးနှုန်း (၁၁၇၀) အမေရိကန်ဒေါ်လာ၊ ခွေးလျှာတန်ချိန် (၁၄.၆၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၃၅၂.၀၀)၊ (၁)တန် (၁)တန် စျေးနှုန်း (၅၅၀၀) အမေရိကန်ဒေါ်လာ၊ ငါးစက္ကူတန်ချိန် (၄.၈၀) ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၉၈၄.၀၀) ၊ (၁) တန် ဈေးနှုန်း (၂၀၈၀) အမေရိကန် ဒေါ်လာတို့ဖြစ်သည်။

     အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဒီဇယ်ဆီ တန်ချိန် (၁၅၀၀) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၁၃၅၅.၀၀)၊ (၁) BBLဈေးနှုန်း (၁၀၇.၅၇) အမေရိကန်ဒေါ်လာ၊ ဓါတ်ဆီ တန်ချိန် (၂၆၄) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၆၅၄၇.၈၄) ၊ (၁) BBLဈေးနှုန်း (၁၀၀.၅၆) အမေရိကန်ဒေါ်လာ၊ ဆပ်ပြာအမျိုးမျိုး တန်ချိန် (၇)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၃၀၀၀)၊ (၁) တန်ဈေးနှုန်း (၁၈၅၇.၁၄) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန် (၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၈၀၀၀)၊ (၁)တန်စျေးနှုန်း (၅၃၃.၃၃) အမေရိကန် ဒေါ်လာ၊ ဘတ္ထရီအရေအတွက်(၁၁၀၄)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၄၀၀၀၀)၊ (၁) ခု စျေးနှုန်း(၃၆.၂၃) အမေရိကန်ဒေါ်လာ၊ ကားတာယာအရေအတွက် (၅၃၄၄)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၀၈၀၀၀)၊(၁) ခု စျေးနှုန်း (၂၀.၂၀)  အမေရိကန်ဒေါ်လာတို့ဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ဝိ/- ကျပ်ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News