International News

ဖိလစ်ပိုင်နိုင်ငံ ဆန်တန်ချိန် ၁၁ သိန်း တင်သွင်း

Last Updated:

     အယ်နီညို ခြောက်သွေ့ရာသီဥတုကြောင့် စပါးအထွက်နှုန်းဆုံးရှုံးမှုများကို ကာမိဖို့ မက်ထရစ်တန် ၅၀၀,၀၀၀ ဝန်းကျင် ထပ်မံတင်သွင်းဖို့ ဖိလစ်ပိုင် စိုက်ပျိုးရေးဌာနက အကြံပြုထားကြောင်း စိုက်ပျိုးရေးလက်‌ထောက်အတွင်းဝန် Mercedita Sombilla က ဗုဒ္ဓဟူးနေ့(ဩဂုတ် ၁၆)တွင်  ပြောကြားသည်။ ဆန်တင်သွင်းမှု အများဆုံးနိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည်  ထပ်တိုးတင်သွင်းမည့် ဆန်တန်ချိန် ၅ သိန်းကို ပုဂ္ဂလိက ကုန်သည်များက တင်သွင်းမည်ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလနှင့် နောက်နှစ် ဇန်နဝါရီလအထိ ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်များရောက်ရှိရန် လျာထားသည်။

     ယခု   ဆန်တန်ချိန် ၅ သိန်းသည် ယခင်က  ပုဂ္ဂလိကကုန်သည်များ  တင်သွင်းရန်ခွင့်ပြုထားသည့်  ပမာဏအပြင်  ထပ်တိုးလိုက်ခြင်း  ဖြစ်သည်။  ယခင်ခွင့်ပြုခဲ့သည့်  ဆန်တန်ချိန်တွင်  တန်ချိန် ၃ သိန်းသည် ယခု ဩဂုတ်လကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး စက်တင်ဘာလတွင် နောက်ထပ် တန်ချိန် ၃ သိန်း ထပ်မံရောက်ရှိမည်ဖြစ်သည်။ ယခုနှစ်တွင် ယခုအထိ ဖိလစ်ပိုင် ဆန်တင်သွင်းမှုတွင် ၈၉ ရာခိုင်နှုန်းသည် ဗီယက်နမ်နိုင်ငံမှဖြစ်ပြီး ကျန်သည် ရာခိုင်နှုန်းမှာ  မြန်မာ၊ ထိုင်း၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှဖြစ်ကြောင်း Sombilla က ပြောသည်။ ဖိလစ်ပိုင် နိုင်ငံတွင် တင်သွင်းသည့်ဆန် လက်လီဈေးနှုန်းများ၊ ပြည်တွင်းထုတ်ဆန် လက်လီဈေးနှုန်းများသည် ယခုလအတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစိုးရမှ အချက်အလက် ထုတ်ပြန်သည်။ 

Source: https://www.foodindustrydirectory.com.mm

 

Category: International News