Local News

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃ ရက်နေ့အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ(၄၈) တန်၊ ကြက်သွန်နီ (၇၅) တန်၊ ရော်ဘာစေး (၂၀)တန်၊ ကော်ဖီစေ့ (၂.၀၅) တန်၊ Maganese Dioxide (၁၂၁၂) တန် တင်ပို့နိုင်ခဲ့သည်။ ယခုအပတ်တင်ပို့မှုတွင် ပါဝင်ခဲ့သော Maganese Dioxide (၅၁၆) တန်မှာ  တာချီလိတ်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင်တစ်ခု အပါအဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူပြီးမှသာ လိုင်စင်လျှောက်ထားခြင်း၊ ပို့ကုန် ကြေငြာလွှာ (ED) ဖွင့်လှစ်ခြင်းတို့ဆောင်ရွက်၍ ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၂၀၄) ဒေါ်လာသန်း၊ ဒီဇယ် (၀.၃၀၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၂၈၈) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၁၀၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၆၀) ဒေါ်လာသန်း၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၃၆) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၃) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၂၇) ဒေါ်လာသန်း၊ သုတ်ဆေး/ ပေါလစ်များ (၀.၀၀၃) ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်း များ (၀.၀၀၂) ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၀၃) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၀၃) ဒေါ်လာသန်း တင်သွင်းခဲ့သည်။

တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၁၀၈၀) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News