Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁) တန်လျှင် (၆၄၁.၅၅၉) ဒေါ်လာဖြင့် (၁၆၃၁.၉၆၀) တန်၊ ချုပ်ပြီးအထည် (၅၈၅၅၉) ထည်ဖြစ်ပြီး တန်ချိန်အားဖြင့် (၁၁.၄၃၈) တန်၊ ငရုတ်သီး(ခြောက်) (၁)  တန်လျှင် (၁၆၃၅.၀၀၆) ဒေါ်လာဖြင့် (၃၃၆.၃၉၀) တန်၊ ငရုတ်သီး (စိမ်း) (အစို) (၁) တန်လျှင် (၄၀၀.၃၅၃) ဒေါ်လာဖြင့် (၆၇၆.၉၀၂)တန်၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန် လျှင် (၁၃၃၅.၃၆၅) ဒေါ်လာဖြင့် (၁၆၄) တန်၊ နှမ်းဖြူ (၁) တန်လျှင် (၂၁၀၄.၁၆၆) ဒေါ်လာဖြင့် (၉၆) တန်၊ ဂေါ်ဖီထုပ် (၁) တန်လျှင် (၂၀၀.၆၄၇) ဒေါ်လာဖြင့် (၇၇၂.၅၀၀) တန်၊ ကွမ်းသီး (၁) တန်လျှင် (၁၅၂၇.၇၇၇) ဒေါ်လာဖြင့် (၇၂) တန်၊ အခြားရေထွက်ပစ္စည်း  (၁) တန်လျှင် (၃၄၃၇.၅၀၀) ဒေါ်လာ ဖြင့် (၁၂.၈၀၀) တန်နှင့် ဂျင်းခြောက် (၁) တန်လျှင် (၉၉၅.၀၂၅) ဒေါ်လာဖြင့် (၁၄.၀၇၀) တန်တို့ ဖြစ်ပါသည်။

သွင်းကုန်ပစ္စည်းတင်သွင်းမှု အနေဖြင့် ၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုး မှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၁.၅၇၇) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၀၁၅) ဒေါ်လာသန်း၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၉၅၂) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၉၂၅) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၆၇၀) ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (၀.၆၄၀) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၅၈၉) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၅၆၂) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ပစ္စည်းများ (၀.၅၄၉) ဒေါ်လာသန်းနှင့် မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ (၀.၃၉၆) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

ဒေသငွေလဲနှုန်း အနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၁.၇၄) ကျပ်ရှိပြီး ယခုအပတ် တွင် (၉၂.၅၉) ကျပ် ဖြစ်ကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News