မိုးရွာသွန်းမှုနည်းပါးလာပြီး မွန်ပြည်နယ်အတွင်း ရော်ဘာအစေးလှီးခြင်း လုပ်ငန်းများ၏ အစေးလှီးရာသီ ပြန်လည်စတင်လာပြီး ထွက်ရှိရော်ဘာအား ဈေးနှုန်းဖွင့်လှစ် ဝယ်ယူမှုများ မွန်ပြည်နယ်ဈေးကွက်အတွင်း ဖြစ်ပေါ်လာသည်။ အရောင်းအဝယ်များပြားသည့် ရော်ဘာ RSS-3 (Ribbed Smoke Sheet-3) တစ်ပေါင်ဈေးနှုန်းမှာ ၂၀၂၅ အောက်တိုဘာ ၁၀ ရက်နေ့တွင် မုဒုံ မြို့နယ် ၂၇၉၀ ကျပ်၊ ပေါင်မြို့နယ် ၂၇၆၀ ကျပ်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တွင် ၂၈၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ် တို့တွင် ဈေးနှုန်းဖွင့်လှစ်မှုမရှိကြောင်း သိရှိရသည်
ယခင်ပတ် အောက်တိုဘာ ၃ ရက်နေ့နှင့် နှိုင်းယှဉ်ပါက ရော်ဘာ RSS-3 တစ်ပေါင်ဈေးနှုန်း မှာ မုဒုံမြို့နယ် ၂၈၂၀ ကျပ်၊ ပေါင်မြို့နယ် ၂၈၂၀ ကျပ်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တွင် ၂၈၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည့်အတွက် မုဒုံမြို့နယ်တွင် ရော်ဘာတစ်ပေါင် ၃၀ ကျပ်၊ ပေါင်မြို့နယ် တွင် ၆၀ ကျပ် ဈေးနှုန်းကျဆင်းလာပြီး သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့များတွင် ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း ဈေးကွက်အတွင်းမှသိရှိရသည်။
မွန်ပြည်နယ်ဦးစီးမှူးရုံး